သူ့ရဲ့ကံကောင်းမှုက ကာစီနိုတစ်ခုလုံးကို ရှော့ခ်ရသွားစေခဲ့၏။အစီအစဉ်တကျရှိစေဖို့ ကာစီနိုကနေ အစောင့်အကြပ် ၂၀၀ ကျော်ကို စီမံထားရှိခဲ့သော်လည်း ကမောက်ကမအခြေအနေထဲကျရောက်နေဆဲပါပင်။ လူအတော်များများက ဓါတ်ပုံတွေကို ခိုးကြောင်ခိုးဝှက်ရိုက်ယူနေကြပြီး နောက်ပိုင်းကျတော့ သူနဲ့ သူ၏ကောင်းမွန်လှတဲ့ကံဇာတာမှာ အင်တာနက်ပေါ်တွင် ဟစ်ဖြစ်လာခဲ့သည်။

ယွီချင့်ဟွမ်နှင့် အခြားသူများသည် ကာစီနိုတွင် သိပ်အကြာကြီးမနေလိုက်ရပေ။ များမကြာခင်မှာပဲ ထိုနေရာကို မကာအိုရှိ ထီကြီးကြပ်ရေးမှူးရုံးမှတာဝန်ရှိသူများ ရောက်လာကြ၏။

သူ၏ကိုယ်ရေးအချက်အလက်အထောက်အထားများနှင့် အသက်ကို စေ့စပ်သေချာစွာစစ်ဆေးပြီးတဲ့နောက် သူတို့ဟာ ချင့်ဟွမ်မှာ အသက် ၂၁ နှစ် ပြည့်ပြီးဖြစ်ကြောင်းကို အဆုံး၌အတည်ပြုနိုင်ခဲ့ပြီး ရှိသမျှလိုင်စင်စာရွက်စာတမ်းအားလုံးကို သူ့ထံပြန်လည်ပေးအပ်ခဲ့သည်။

သူ့အားလက်ဆွဲနှုတ်ဆက်ပြီး “ဂု‌ဏ်ယူပါတယ်” လို့တောင် စကားဆိုသွားကြသေး၏။ယွီချင့်ဟွမ်က ခေါင်းညိတ်ပြီး "ကျေးဇူးတင်ပါတယ်" လို့ တုံ့ပြန်ဖြေကြားလိုက်သည်။

ကာစီနိုတခုမှာ ငွေသန်းပေါင်းများစွာအနိုင်ရရှိသွားတာက သတင်းထူးတခုမဟုတ်ပေမယ့် ယွမ် ၈.၅ သန်းကို ယွမ် ၂၀၀ တည်းနဲ့ ပထမဆုံးအခေါက်မှာတင်အနိုင်ရလိုက်တာကတော့ တကယ့်ရှားရှားပါးပါးဖြစ်ရပ်ပင်။

ဖြစ်ပေါ်လာနိုင်ချေရှိသည့် မတော်တဆဖြစ်ရပ်များအား ရှောင်ရှားနိုင်ရန်အတွက် ကာစီနိုသည် သူတို့တွေအား ဟိုတယ်‌နေရာထိုင်ခင်းတစ်ခုတွင် သတ်မှတ်နေရာချထားပေးခဲ့ပြီး ကာကွယ်စောင့်ကြပ်ပေးမည့် သက်တော်စောင့်များကိုပါစီမံပေးထား၏။

ကိုယ်ပိုင်လေယာဉ်ကို စရိတ်စကနည်းနည်းသာယူပြီး သူတို့အား ပြည်မကြီးအထိ လိုက်ပါစောက်ရှောက်ပို့ဆောင်ပေးရန်ပင် ကမ်းလှမ်းလာခဲ့သည်။ ပြီးရင်တော့ သူအနိုင်ရခဲ့တဲ့ငွေတွေကို သူ့ဘဏ်အကောင့်ထဲကို တိုက်ရိုက်လွှဲပြောင်းပေးအပ်မည်ဖြစ်သည်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now