ဂျက်ဖရီက ပေါင်ပေါ်မှ ကောင်ငယ်လေး၏ ခါးကို နဂိုထက်ပိုပြီး တိုးဖက်လိုက်ရင်း ဝင်ဖြေလိုက်သည်။

" အော်.. ''

သူမတို့က ဆက်မမေးတော့ဘဲ ငြိမ်သက်သွားသည်မို့ ဂျက်ဖရီက သက်ပြင်းလေးခိုးချပြီး ဘန်ကိုကြည့်လာခဲ့သည်။

" ဟန်နီရေ..နားချင်နေပြီလား ''

ဘန်ကမျက်လုံးဝိုင်းလေးနဲ့ကြည့်လာပြီး ဂျက်ဖရီကို ခေါင်းညိတ်ပြသည်။

မာဂရက် နဲ့ ရိုစီက သူမတို့ပြန်သင့်နေပြီဆိုတာ အသိဝင်သွားပုံရသည်။

နူတ်ဆက်ကာ ပြန်ထွက်သွားကြပြီမို့ ဘန်က ဂျက်ဖရီရဲ့ပေါင်ပေါ်မှာ ဆက်မထိုင်ချင်တော့သည့်အလား ထရပ်လိုက်တော့ ပြန်ဆွဲချခံလိုက်ရသည်။

" ဘာလုပ်တာလဲ.. သူမတို့ပြန်သွားကြပြီလေ''

" သိပါတယ်.. အမှုကဒီလောက်နဲ့မပြီးတော့ဘူး ဟန်နီရေ..ကိုယ့်မိသားစုက မကြာခင် ဒီအကြောင်းအရာကိုသိသွားကြလိမ့်မယ် ..''

" အဲ့တော့ ''

" ကိုယ်နဲ့ မင်းနဲ့ သေချာပေါက် လက်ထပ်ရမယ် ''

" ဘာဆိုင်လို့လဲ ၊ ကျွန်တော်ကတော့ လက်မထပ်နိုင်ပါဘူး ''

" ရော်..ဒီလိုလုပ်လို့ မဖြစ်ဘူးလေ ၊ သူ့တို့နှစ်ယောက်က ကိုယ့်ကို ပြန်လာကပ်နေရင်ဘယ်လိုလုပ်မလဲ ''

" အဲ့ဒါက မင်းကိစ္စလေ ဂျက်ဖရီ ၊ ကိုယ်နဲ့ မဆိုင်ဘူးလို့ ထင်မိတယ် ''

ဘန်က ခပ်ထေ့ထေ့ရယ်လျက် ပြောလာတော့ ဂျက်ဖရီက တစ်ခြမ်းရွဲ့ကာ ပြုံးလိုက်ပြီး..

" ကိုယ်တို့တွေ ဆိုင်အောင်လုပ်လို့ရပါတယ် ဟန်နီရယ်..''

နားဖျားကို နူတ်ခမ်းပါးနဲ့ပွတ်ဆွဲကာ ဆိုလာတဲ့ ဂျက်ဖရီရဲ့ စကားကြောင့် ဘန်ရဲ့ခန္ဓာကိုယ်လေးဟာ တောင့်တင်းသွားရသည်။

" ဂျက်ဖရီ သောက်ရူး ၊ ''

ထပြေးသည့် ကောင်လေးကိုကြည့်ကာ ဂျက်ဖရီက တစ်ဟစ်ဟစ်ရယ်ပြီး သဘောကျနေခဲ့သည်။

ဒီကောင်လေးကို သူပိုင်ဆိုင်ချင်တာမဆန်းပါဘူး။
ဒီလောက်ချစ်စရာကောင်းတဲ့သူကိုမလိုချင်တဲ့သူက ရူးနေလို့ပဲဖြစ်လိမ့်မယ်။

Peculiarly System [Completed ]Where stories live. Discover now