အပိုင်း - (၈)

Start from the beginning
                                    

" ဘာကိုပြောတာလဲ.. သား.. "

" အင်း! အဲ့လိုလေးတွေရှိတယ်။ ဒယ်ဒီရဲ့ဟန်းနီးမွန်းအမည်ခံ စီးပွားရေးနယ်မြေ ချဲ့ထွင်မှုခရီးစဉ်ကြီးအောင်မြင်ပါစေ... "

ဒယ်ဒီက သူ့ကိုစောင့်ကြည့်ဖို့ လူလွတ်ခိုင်းထားသလို သူကလည်းဒယ်ဒီ့ကို မျက်ခြေဖြတ်မနေခဲ့ပါ။ ဟန်းနီးမွန်းကိုကာဗာလုပ်ပြီး အနောက်တိုင်းရဲ့မြေအောက်လောကကို လက်ဝါးကြီးအုပ်ဖို့ကြိုးစားနေတာ သူရိပ်မိပြီးသား။ သူက ဒယ်ဒီ့သားဆိုတာကို ဒယ်ဒီ မေ့နေခဲ့တာပဲ။ တစ်ဖက်ကတိတ်ဆိတ်သွားတာကြောင့် သူလည်းငြိမ်ပြီး နားထောင်တုန်း ရှားက သူ့အရှေ့ရောက်လာသည်မို့ ဖုန်းချလိုက်သည်။

" အင်း... ပြောစရာမရှိတော့ရင် ဖုန်းချလိုက်တော့မယ်.."

(❁'◡'❁)(❁'◡'❁)(❁'◡'❁)

ဘာတစ်ခွန်းမှမပြောဘဲ အရှေ့ကနေ ဘောက်ဆက်ဘောက်ဆက်နဲ့ လျှောက် သွားတာကြောင့် ခိုက် အမြန်လှမ်းလာပြီး လက်ကိုပြေးဆွဲလိုက်သည်။

" ဘာ... ဘာလုပ်တာလဲ.. ခု လွှတ်စမ်း.. ငါ့လက်ကိုမြန်မြန်လွှတ် "

" မလွှတ်ဘူး "

မျက်လုံးအဝိုင်းသားနဲ့ သူ့လက်ကိုလွှတ်ဖို့ပြောနေတဲ့ရှားကို ဂရုမစိုက်ဘဲ ကိုင် ထားတဲ့လက်ကို ခပ်တင်းတင်းဆွဲပြီး ကားရပ်ထားတဲ့နားကို ပြန်လျှောက်လာသည်။ ကား သော့ဖွင့်လိုက်ရင်း lover seat ဘက်မှာ ဝင်ထိုင်စေသည်။ ပြီးတော့ မောင်းသူနေရာမှာ ဝင်ထိုင်တော့ ရှားက သူ့ကိုရန်စောင်ပြီး ကြည့်နေသည်။

" စည်းကမ်းချက် နံပါတ်..."

"စည်းကမ်းချက်နံပါတ်တစ် ငါခွင့်မပြုဘဲမင်းငါ့ကိုမထိရဘူး။ ဒါဆို ကိုယ့်ရဲ့စည်း ကမ်းချက်နံပါတ်တစ်က ကိုယ်ပြုံးပြရင် ကိုယ့်ကိုအသိအမှတ်ပြုပြီး ပြန်ပြုံးပြရမယ်လေ"

ရှားစကားမဆုံးသေးခင်မှာဘဲ ခိုက် ဖြတ်ပြောလိုက်သည်။

" ငါ ပြုံးချင်မှပြုံးချင်မှာပေါ့... "

"ဒါဆို ကိုယ်လည်းထိချင်ထိမှာပဲ။ ပြီးတော့ စည်းကမ်းအရင်ဖောက်ဖျက်တာက ရှားနော်။ တကယ်ဆို ကိုယ်က အပြစ်ဒဏ်တောင် တောင်းလို့ရသေးတယ် "

My Step-mom's EX becomes My HUSBAND [ Book Version ]Where stories live. Discover now