အပိုင်း - (၈)

Comenzar desde el principio
                                    

ကိန်းဂဏန်းတွေနဲ့ ပစ္စည်းအမျိုးအစားတွေကသာ ခိုက် ခေါင်းထဲမှာ အမြဲရှိနေခဲ့ သည်။ အခုလိုချစ်မိသွားတော့ လူတစ်ယောက်ကို ဘယ်လိုဂရုစိုက်ပေးရမယ်ဆိုတာကို လည်း ခိုက်တစ်ယောက် အချိန်ပေးပြီး လေ့လာနေရသည်။ သူ့ပုံစံအတိုင်းသာဆို ဒေါက်တာဥတုရှားမြတ်ကို ဖမ်းချုပ်ပြီး တစ်နေရာမှာ ဖွက်ထားလိုက်မှာဖြစ်သည်။

အခုတော့ ချစ်ခြင်းရဲ့ဖလှယ်ရဂုဏ်သတ္တိလေးကိုလည်း သူက လိုချင်မိတာကြောင့် အဆင့်မကျော်မိအောင် တော်တော်ထိန်းသိမ်းနေရသည်။ ရှားကိုတွေ့တိုင်း သူ့မှာတော်တော်ကိုဖြစ်ပျက်နေရသည်။ အခုလည်း အလုပ်ကပြန်လာပြီး ရှားကိုကြိုဖို့ ထွက်လာရင်း ဆေးရုံဝင်းနဲ့မလှမ်းမကမ်းမှာစောင့်နေတုန်း ဒယ်ဒီဆီကဖုန်းဝင်လာသည်။

" ဟဲလို... "

" သတိုး.. သား ဘာတွေလုပ်နေတာလဲ "

သူ ဘာလုပ်နေမှန်းသိနေရဲ့သားနဲ့ မသိသလိုပုံစံမျိုးမေးလာတဲ့ဒယ်ဒီကြောင့် ခိုက် တစ်ချက်ရယ်လိုက်သည်။ မနက်က S Groupကို ခိုက် သွားတယ်ဆိုတဲ့သတင်းက ဒယ်ဒီဆီရောက်နှင့်ပြီးလောက်ပြီကို။ ဒယ်ဒီ ဘယ်တုန်းကသူ့ကိုဂရုစိုက်သွားတာလဲ။

" ဒီလိုပါပဲ။ လုပ်ငန်းအသစ်တွေ အကြောင်း လေ့လာနေတာ "

" မင်း.. အိမ်မှာလည်းမနေဘူး။ မင်းအဘိုးခြံမှာလည်း မနေဘူးဆို။ ဘယ်မှာနေ, နေတာလဲ "

" ဒယ်ဒီ ဒီနိုင်ငံမှာ ကိုယ့်အတွက်နေစရာမရှားဘူး။ ရေရှိရင် ဘယ်နေရာမဆို လွှမ်းမိုးလို့ရတယ် "

ခိုက်ပြောလိုက်တော့ ဖုန်းတစ်ဖက်ကနေသက်ပြင်းချသံကြားရသည်။ ခိုက်နှုတ် ခမ်းတစ်ဖက်တွန့်ကာ လှစ်ခနဲပြုံးလိုက်သည်။

" ဒယ်ဒီ့ကို စိတ်ဆိုးနေတာလား ... သား "

" ကိုယ်က ဘာဖြစ်လို့! အဟက်! ဒယ်ဒီ အတွေးလွန်နေတာပါ။ ကိုယ် ဒယ်ဒီ အပေါ်မကျေနပ်တာမရှိပါဘူး။ အင်း... ဒယ်ဒီ့ကိုတောင် ကျေးဇူးတင်နေမိတာ"

ဟုတ်ပါသည်။ ဒယ်ဒီ့ကြောင့်သာ ရှားနဲ့ဆုံတွေ့ခွင့်ရခဲ့သည်မို့။

My Step-mom's EX becomes My HUSBAND [ Book Version ]Donde viven las historias. Descúbrelo ahora