Intro

231 2 0
                                        

Unicode

သူရိန်နေမင်းသည် အနောက်ဘက် တောင်စွယ်ဆီမှေးတင်နေပေပြီ။ အားမာန်အပြည့်၊ အရှိန်အဟုန်အပြည့် လည်ပတ်ခဲ့သည့် တစ်နေ့တာရဲ့ နေဝင်ချိန်သို့ရောက်ခဲ့ပြီ။

ညနေညိုညို အိမ်အိုအိုရဲ့ ဝရမ်တာထက် အဘိုးအို တစ်ယောက်ဟာ သူ့ရဲ့ အရည်တွံ့နေသည့် လက်တွေထဲ Diary စာအုပ်အနွမ်းလေး တစ်အုပ်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားလေသည်။

တုန်ရီနေသည့် လက်တွေက Diary လေးရဲ့ ပထမဦးဆုံး စာမျက်နှာကို လှန်လိုက်၏။ Diaryထဲမှာ လက်ရေးချွန်ချွန်လေးနဲ့ရေးထားသည့် စာသားတစ်ကြောင်း။

"အဲ့ဒီနေ့က သူ့ကိုကျွန်တော် မိုးစက်တွေကြား တွေ့ခဲ့တယ် " ဟူသောစာသားလေးကို မြင်တော့ အဘိုးအိုရဲ့ အရောင်ဖျော့ဖျော့ မျက်ဝန်းတွေထဲ အဆွေးရိပ်ကလေးတွေ ကိန်းအောင်းလာတော့သည်။ Diaryရဲ့ နောက်တစ်မျက်နှာကို ဆက်လှန်ရင်း အဘိုးအိုရဲ့ အတွေးတွေကတော့ အတိတ်တွေဆီကို အလည်ရောက်သွား​တော့သည်။

****************************************
****************************************
အဘိုးအိုရဲ့ အတိတ်တွေထဲဘာတွေရှိမလဲ

အင်း....အတိတ်တွေထဲမှာတော့
ခိုက်တက်တဲ့သူလို့ သူ့ အသိုင်းအဝန်းကသတ်မှတ်ထားပြီး ဖယ်ကျဥ်တာ ခံထားရတဲ့  ခောတ်ဦးခိုက် ဆိုတဲ့ ခပ်ဆိုးဆိုး ဂျစ်ကန်ကန် ကောင်လေးတစ်ယောက်ရယ်။

အဲ့ဒီကောင်လေး သိပ်ချစ်တဲ့ အနေအေးပြီး သိမ်မွေ့နူးညံ့တဲ့  မိုးဝသာန်ကို ဆိုတဲ့ ကျူတာလေးရယ်။

​ပြီးတော.....ကျူတာလေးရဲ့ နှလုံးသားသခင် 'စင်သီယာ'ဆိုတဲ့ သူရယ်က ဇာတ်လမ်းလေးတစ်ပုဒ်ကို ဖန်တီးပြလိမ့်မယ်။

အဲ့ဒီဇာတ်လမ်းလေးက မိုးစက်တွေကြား လှလှပပ စတင်ခဲ့ပြီး မိုးစက်တွေကြားမှာပဲ လိုလိုလားလား အဆုံးသတ်သွားခဲ့တယ်။

အဲ့ဒီလိုမျိုး မိုးနဲ့စပြီး မိုးနဲ့ပဲ အဆုံးသတ်ခဲ့တဲ့ အဘိုးအိုရဲ့ အတိတ်ပုံရိပ်တွေကို Attkhayar ကတော့ ဒီလိုနာမည်ပေးခဲ့တယ်။
"မိုးဖွဲ့သီသော လင်္ကာရှည်" တဲ့။

Attkhayar နဲ့အတူ မိုးစက်ကလေးတွေ ​ ဖွဲ့ဆိုသီကုံးပြတဲ့ လင်္ကာရှည်တစ်ပုဒ်ကို အတူခံစားဖို့ လိုက်ခဲ့ပေးပါဦး။

****************************************
****************************************

Zawgyi

သူရိန္ေနမင္းသည္ အေနာက္ဘက္ ေတာင္စြယ္ဆီေမွးတင္ေနေပၿပီ။ အားမာန္အျပည့္၊ အရွိန္အဟုန္အျပည့္ လည္ပတ္ခဲ့သည့္ တစ္ေန႕တာရဲ႕ ေနဝင္ခ်ိန္သို႔ေရာက္ခဲ့ၿပီ။

ညေနညိုညို အိမ္အိုအိုရဲ႕ ဝရမ္တာထက္ အဘိုးအို တစ္ေယာက္ဟာ သူ႕ရဲ႕ အရည္တြံ႕ေနသည့္ လက္ေတြထဲ Diary စာအုပ္အႏြမ္းေလး တစ္အုပ္ကို ခပ္တင္းတင္းဆုပ္ကိုင္ထားေလသည္။

တုန္ရီေနသည့္ လက္ေတြက Diary ေလးရဲ႕ ပထမဦးဆုံး စာမ်က္ႏွာကို လွန္လိုက္၏။ Diaryထဲမွာ လက္ေရးခြၽန္ခြၽန္ေလးနဲ႕ေရးထားသည့္ စာသားတစ္ေၾကာင္း။

"အဲ့ဒီေန႕က သူ႕ကိုကြၽန္ေတာ္ မိုးစက္ေတြၾကား ေတြ႕ခဲ့တယ္ " ဟူေသာစာသားေလးကို ျမင္ေတာ့ အဘိုးအိုရဲ႕ အေရာင္ေဖ်ာ့ေဖ်ာ့ မ်က္ဝန္းေတြထဲ အေဆြးရိပ္ကေလးေတြ ကိန္းေအာင္းလာေတာ့သည္။ Diaryရဲ႕ ေနာက္တစ္မ်က္ႏွာကို ဆက္လွန္ရင္း အဘိုးအိုရဲ႕ အေတြးေတြကေတာ့ အတိတ္ေတြဆီကို အလည္ေရာက္သြား​ေတာ့သည္။

****************************************
****************************************
အဘိုးအိုရဲ႕ အတိတ္ေတြထဲဘာေတြရွိမလဲ

အင္း....အတိတ္ေတြထဲမွာေတာ့
ခိုက္တက္တဲ့သူလို႔ သူ႕ အသိုင္းအဝန္းကသတ္မွတ္ထားၿပီး ဖယ္က်ဥ္တာ ခံထားရတဲ့  ေခာတ္ဦးခိုက္ ဆိုတဲ့ ခပ္ဆိုးဆိုး ဂ်စ္ကန္ကန္ ေကာင္ေလးတစ္ေယာက္ရယ္။

အဲ့ဒီေကာင္ေလး သိပ္ခ်စ္တဲ့ အေနေအးၿပီး သိမ္ေမြ႕ႏူးညံ့တဲ့  မိုးဝသာန္ကို ဆိုတဲ့ က်ဴတာေလးရယ္။

​ၿပီးေတာ.....က်ဴတာေလးရဲ႕ ႏွလုံးသားသခင္ 'စင္သီယာ'ဆိုတဲ့ သူရယ္က ဇာတ္လမ္းေလးတစ္ပုဒ္ကို ဖန္တီးျပလိမ့္မယ္။

အဲ့ဒီဇာတ္လမ္းေလးက မိုးစက္ေတြၾကား လွလွပပ စတင္ခဲ့ၿပီး မိုးစက္ေတြၾကားမွာပဲ လိုလိုလားလား အဆုံးသတ္သြားခဲ့တယ္။

အဲ့ဒီလိုမ်ိဳး မိုးနဲ႕စၿပီး မိုးနဲ႕ပဲ အဆုံးသတ္ခဲ့တဲ့ အဘိုးအိုရဲ႕ အတိတ္ပုံရိပ္ေတြကို Attkhayar ကေတာ့ ဒီလိုနာမည္ေပးခဲ့တယ္။
"မိုးဖြဲ႕သီေသာ လကၤာရွည္" တဲ့။

Attkhayar နဲ႕အတူ မိုးစက္ကေလးေတြ ​ ဖြဲ႕ဆိုသီကုံးျပတဲ့ လကၤာရွည္တစ္ပုဒ္ကို အတူခံစားဖို႔ လိုက္ခဲ့ေပးပါဦး။

မိုးဖွဲ့သီသော လင်္ကာရှည်Where stories live. Discover now