( ၁၄ )

220 26 6
                                    





“ ဂျီဆောင်း ~ ”

ရှေ့ကနေခပ်သွက်သွက်လျှောက်နေတဲ့ခြေ‌လှမ်းတွေနောက်ကိုအမီလိုက်နေပြီးခေါ်နေပေမယ့် ဂျီဆောင်းကကြားပုံမရ ။
လျှောက်ရင်း လျှောက်ရင်းနဲ့သူအခန်းတစ်ခုထဲရောက်လာသည်

ဒီ... ဒီအခန်းက..

ကျွီ~

တံခါးဖွင့်သံကြောင့်သူရှေ့ပြန်လှည့်မိတော့ ထိုလူ..မျက်နှာကဝါးနေပေမယ့် ထိုလူကသူ့ကိုဒီအခန်းထဲမှာတယောက်တည်းထားခဲ့တဲ့လူမှန်းသေချာသိနေသည်။

“ ဂျီဆောင်း..! အဲ့ကိုမသွားနဲ့ ! အဲ့လူကအန္တရာယ်ရှိတယ် ။ ”

သူခေါ်နေတာကိုကြားပုံမရတဲ့ဂျီဆောင်းကထိုလူ့ဆီရောက်အောင်သွားပြီးထိုလူ့လက်ကိုဆုပ်ကိုင်လိုက်တယ်

မဖြစ်ဘူး!!

ထို့နောက်... တံခါးဖွင့်လိုက်တော့ဖြာကျလာတဲ့အလင်းရောင်နဲ့အတူ ပီပီပြင်ပြင်မြင်ရတဲ့ထိုလူ့မျက်နှာ...။

ဟင်

လေးလေး...!

ဖျတ်ခနဲဖွင့်လိုက်မိတဲ့မျက်လုံး‌ထောင့်တွေမှာမျက်ရည်ဥတွေတွဲလဲခိုနေကြသည် ။ ဘယ်လိုအိမ်မက်ဆိုးပါလိမ့် ။ ဆံပင်တွေကိုစိတ်ရှုပ်စွာဆွဲဖွလိုက်ပြီး ရေသောက်ရန်အောက်ထပ်သို့ဆင်းလာခဲ့သည် ။

လှေကားကနေဆင်းလာတုန်း အောက်ထပ်ခြံထဲအရိပ်တစ်ခုတွေ့သည်မို့ သူမျက်‌မှောင်ကြုတ်လိုက်မိပြီးဖြည်းဖြည်းချင်း အနားတိုးသွားမိသည် ။

ဒီအချိန်ကြီး ဘယ်သူပါလိမ့် ။

“  အဲ့တာမင်းကြောင့်ပဲမလား ”

“ ....... ”

လေးလေးအသံကြားမှ သူသက်ပြင်းချပြီးအိမ်ထဲပြန်၀င်မည်အလုပ်

“ မင်းစောက်သုံးမကျလို့ ငါအရင်ဦးအောင်ရှာခဲ့ရတာလေ ! အခုအဲ့ကောင်လေး‌မှတ်ဉာဏ်တွေ ဝေဝေဝါးဝါးဖြစ်နေလို့တော်သေးတယ်ပြောရမယ် သူမမှတ်မိခင်အရာအားလုံးကိုသားငယ်လက်ထဲထည့်ပေးမှရမယ် ! ”

လေတိုးသံနဲ့ရောထွေးနေတဲ့အသံကိုပိုပြီးကြားရအောင်ရှေ့တိုးလိုက်ပေမယ့်..

You've reached the end of published parts.

⏰ Last updated: Jun 06, 2023 ⏰

Add this story to your Library to get notified about new parts!

𝙼𝙸𝙽𝙴 ( 𝚂𝚎𝚊𝚜𝚘𝚗 2 ) ( Hiatus )Where stories live. Discover now