( ၁၃ )

326 43 9
                                    


မျဉ်းပြိုင်တွေ ။
တူညီတယ်ထင်ရပေမယ့် ဆန့်ကျင်ဘက်လမ်းတွေဆီဦးတည်နေတာ ။

" အိမ်ထဲ၀င်လေ ဂျယ်နို "

ခြံထဲက စားပွဲဖြူလေးမှာထိုင်နေကြတဲ့ ပုံရိပ်နှစ်ခုကိုငေးကြည့်နေတုန်း သူပြောလိုက်တော့..

" ဟုတ်ကဲ့ လေးလေး "

" ပြောစရာရှိလို့လား လေးလေးကို "

" ဟုတ် လေးလေး ကျွန်တော်မေးစရာလေးလည်းရှိလို့ "

မေးစရာ..?

" ဘာများလဲ "

" .... "

ခေတ္တခဏစဉ်းစားနေခဲ့ပြီးမှ ခေါင်းခါပြီးပြုံးပြတဲ့တူတော်မောင် ။

" ဘာမှမဟုတ်ပါဘူး "

ပြီးတော့

အိမ်အကူလေးလာချပေးတဲ့ ကော်ဖီခွက်ကိုကိုင်ရင်း ငေးလက်စနေရာဆီဆက်ငေးနေတယ်။

" သွားနှင့်တဲ့ကလေးမိဘတွေဆီကို ကတိတစ်ခုပေးခဲ့တယ် "

ကိုယ့်စကားကြောင့် လှည့်ကြည့်လာတဲ့မျက်လုံးတွေ
သူသေချာပေါက်သိတာပေါ့ ။ ဂျယ်နိုဘာကိုသိချင်နေတယ်ဆိုတာရယ်ကို ။

" လေးလေးရဲ့အသက်ခန္ဒာရှိနေသေးသရွေ့ ဂျယ်မင်းနီးကိုလိုက်ရှာမယ်ဆိုပြီးတော့ ... "

" ..... "

" အမှန်တော့ ဂျယ်မင်းနီးကိုရှာမတွေ့ခဲ့ခင် သတင်းတစ်ခုကြားခဲ့တာရှိတယ် ဂျယ်မင်းနီးက ပြန်ပေးဆွဲခံရတာ "

" ပြန်ပေးဆွဲခံရတယ်? "

" ဟုတ်တယ် လေးလေးထင်တာတော့ငွေကြောင့်ဖြစ်နိုင်ပါတယ် ပိုက်ဆံနဲ့အပေးအယူလုပ်မလို့စီစဉ်ထားခဲ့ပေမယ့် လေးလေးတို့အသိုင်းအဝိုင်းအကြောင်းသိပြီးနောက်ဆုတ်ခဲ့တာဖြစ်လိမ့်မယ် ကလေးကိုတော့ ပြန်မပို့ပဲလမ်းမှာထားရစ်ခဲ့တာလို့ထင်တယ် "

" ဒါဆို.. မွေးစားခဲ့တဲ့အိမ်က"

" ပြန်ပေးသမားတွေက မြို့နဲ့အရမ်းဝေးတဲ့နေရာကိုခေါ်သွားကြတာထင်တယ် နောက်တော့လက်ရှိနေခဲ့တဲ့အိမ်ကမိဘတွေက တွေ့ပြီးမွေးစားခဲ့ကြတာပေါ့ "

" ဒါနဲ့.. ၁၀နှစ်လောက်သတင်းအစအနမကြားရပဲ အခုမှရုတ်တရက်ကြီးပြန်ရှာတွေ့ခဲ့တာက "

𝙼𝙸𝙽𝙴 ( 𝚂𝚎𝚊𝚜𝚘𝚗 2 ) ( Hiatus )Where stories live. Discover now