Bog 💕 part 21

109 6 2
                                        

ရိပေါ်ဟာ ဝမ်မားပြောတဲ့အတိုင်း ချုံချင်းမြို့သို့ ကုန်ကြမ်းလာဝယ်ခဲ့တယ်။

အပြန်မှာတော့ သူနဲ့ကျန့်‌ကောအရမ်းကြိုက်တဲ့ ဟော့ပေါ့ဆိုင်လေးကိုဝင်ခဲ့တာပေါ့။

ဆိုင်အဝင်ဝမှာတိုက်မိလိုက်တာက

YB " အ့! ဒီမှာခင်ဗျားလူကိုမမြင်ဖူးလား"

တစ်ဖက်လူရဲ့ ကောဖီခွက်ဟာ ရိပေါ်ရဲ့ အင်ကျီဖြူပေါ်သို့

YB "ဒီမှာ အကုန်ပေကုန်ပြီကွာ ။ "

ရိပေါ်က ပြောပြောဆိုဆိုနဲ့ အပေါ်မကြည့်ဘဲအင်ကျီဖြူကိုသာသုတ်နေခဲ့တယ်။တစ်ဖက်လူကတော့ ဘာမှမဖြေ။

YB " ဟေ့ ဒီမှာ။ 😳ဟင် ကိုကို"

ရိပေါ်မော့ကြည့်လိုက်ရာ တွေ့ပါပြီလေ သူ့ရဲ့ ချစ်လူသားလေး။
ရှောင်ကျန့်ကတော့အသံမပြုဘဲ ရိပေါ်ကိုသာငေးကြည့်နေခဲ့တယ်။ မျက်ဝန်းထဲမှာလဲမျက်ရည်စတို့ကနေရာယူထားတာပေါ့။

YB "နောက်ဆုံးတော့ ကျွန်တော့ရဲ့လူသားလေးကိုပြန်တွေ့ပြီ🥲 ကိုကို ကိုကို့ကိုကျွန်တော့လွမ်းနေတာ ။ကိုကိုရယ်းးး🥺"

ရိပေါ် ကတော့ရှောင်ကျန့်ကိုပြောရင်းဖက်ရင်းပေါ့။

Xz "ရိပေါ် လွှတ်လွှတ်ပါ။ သူများတွေကြည့်ကုန်ပြီ ။ ကောကိုလွှတ်"

YB " ဟင် ‌ရိပေါ်တဲ့လား ကောတဲ့လား😧
ကိုကိုရယ်ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော်မဆိုးတော့ပါဖူးနော်🥺"

Xz " ဖယ်  ရိပေါ် ။ကောသွားတော့မယ် ဖယ်ပါ "

ရိပေါ်လက်မှရှောင်ကျန့်အတင်းရုံးကာ ဆိုင်ထဲမှပြေးထွက်ခဲ့တယ်။ ရိပေါ်လည်းအနောက်ကအတင်းလိုက်တာပေါ့။

ဆိုင်ပြင်အရောက်

YB " ကိုကိုနေဦး!!"

ရိပေါ်ရှောင်ကျန့်လက်ကိုအမှီဆွဲလိုက်နိုင်တယ်။ ရုန်းထွက်ဖို့ကိုတော့ ရှောင်ကျန့်ထပ်မံကြိုးစားတယ်။

Xz " ကောကိုလွှတ်ပါ။ မင်းဘဝနဲ့မင်းနေပါ။ ကောလည်းနေနိုင်အောင်ကြိုးစားနေတယ်😢"

YB " ဘာလို့လဲ ။ကျွန်တော်ကိုကိုနဲ့မခွဲနိုင်ဖူး။ ထပ်မထားခဲ့ပါနဲ့ဗျာ"

Bog(နွံ)Where stories live. Discover now