Bog💕part 4

130 8 0
                                        

Xz.  " ဟင်😳"

ရှောင်ကျန့်ရိပေါ်လို့ပြောတာနဲ့တင် စိတ်ပူလှပြီ ။နောက်ဆက်တွဲ  ကိုထပ်လည်းကြားရော ရှောင်ကျန့်ရဲ့ရင်ထဲဘလောင်ဆူသွားတော့တယ်။ဘာမှဆက်တွေးမနေတော့ဘဲ ရိပေါ်လေးရှိရာဆီကို လျင်မြန်စွာပြေးပါတော့တယ်။

Fx.  " ဆရာ!ဆရာ!  ကျွန်တော့ကိုစောင့်ပါဦးးးး🥵"

အရပ်ရှည်လှတဲ့ရှောင်ကျန့်ရဲ့ခြေလှမ်းတွေကိုတော့ ဖန်ရှင်းလိုက်မမှီတော့ချေ။

  ဖြူဖျော့ဖျော့နဲ့ ရီရှင်းလက်ထဲ ခွေလဲနေတဲ့ ရိပေါ်ကိုမြင်တဲ့အခါမှာ အမည်မသိစိုးရိမ်စိတ်တွေဖြစ်ပေါ်လာပြီး နှုတ်ကနေ နာမ်စားလေးတစ်ခုထွက်လာခဲ့တယ်။

Xz. " ပေါ်တိ!!!!"

Yx.  " ဆရာ! လုပ်ပါဦးးး ရိပေါ်ဗိုက်အရမ်းအောင့်တယ်လို့ အော်ပြီး သတိမေ့သွားတယ်😦"

ရှောင်ကျန့်အရမ်းစိုးရိမ်နေတယ် ။သူ့အမှားကြောင့်ဆိုပြီးယူကြံုးမရလည်းဖြစ်နေခဲ့တယ်။ 

ရှောင်ကျန့်စိုးရိမ်စွာ ရိပေါ်ကိုအော်ခေါ်နေတယ်။

Xz. " ရိပေါ်! ပေါ်တိလေးးး😧ထပါကွားးး ထပါတော့ကလေးးးရားး"

ရှောင်ကျန့်ပူထူနေပြီးအရူးတစ်ယောက်လိုအော်ခေါ်နေမိတယ်။

Fx.  " ဆရာ ရိပေါ်ကိုအမြန်ဆုံးဆေးရုံပို့ရမယ်"

Xz.  " ဟုတ်တယ်။  ဆေး ဆေးရုံ။ ဆေးရုံကိုပို့ရမယ်။  ပေါ်တိလေးးး အားတင်းထားနော်  မင်းဘာမှမဖြစ်ရဖူး   ကလေး။"

ရှောင်ကျန့်  ရိပေါ်ကို ကောက်ပွေ့ပြီး သူ့ကားဆီ အမြန်ပြေးတော့ တယ် ။  ပြီးနောက် ကားပေါ်တင်ကာ ဆေးရုံကို အမြန်မောင်းတော့တယ်။ လမ်းတစ်လျှောက်မှာတော့ ရိပေါ်ဟာ ဖြူဖျော့ပြီး  သွေးမရှိတဲ့လူအလားဖြစ်ကာ သတိမေ့နေခဲ့တယ်။
💕💕💕💕💕💕💕💕💕💕💕💕💕

ဆေးရုံမှာတော့ အရေးပေါ်ခန်းထဲ ခွဲစိတ်မှု ခံယူနေတဲ့ ကောင်လေးရယ်၊  ခွဲစိတ်ခန်းရှေ့မှာ မျက်ရည်အပြည့်နဲ့ စောင့်မျှော်နေတဲ့ကောင်လေးရယ်ပေါ့ ....

Fx. " ဆရာစိတ်အေးအေးထားပါ ရိပေါ်အတွက်အကောင်းဆုံးကြိုးစားပေးမှာပါ။"

Bog(နွံ)Where stories live. Discover now