Part-8

4.5K 334 6
                                    

"ဘာ!!! အခုချက်ချင်းလိုက်လာခဲ့မယ် "

ချန်ယွီနဲ့အတူတူ အမှုစစ်ဆေးနေတုန်း ရိပေါ်ဆေးရုံ
ရောက်နေတယ်ဆိုတဲ့သတင်းကြားလိုက်ရတာနဲ့
ရှောင်းကျန့် ထိတ်လန့်ကာပြာယာခက်သွားရတော့
သည်။

"ကတောက်စ်!! ဟိုခွေးမသားတွေ လက်ချက်ပဲ‌နေမှာ"

"ဘာဖြစ်တာလဲ ရှောင်းကျန့်"

ချန်ယွီကမေးသည်

"ရိပေါ် ဆေးရုံတင်ထားရတယ်။ ကားအက်စီးဒန့်တဲ့
အဲ့တာ အခုလိုက်သွားမှဖြစ်မှာမို့ စီနီယာရောလိုက်
ဦးမလား"

"အေး တစ်ခါတည်း လိုက်ခဲ့လိုက်တာပေါ့ "

ချန်ယွီက ကားမောင်းသည်။ ရှောင်းကျန့်က ယွင်လေး
ကိုလှမ်းဆက်ကာ အ‌ကြောင်းကြားလိုက်တော့
ယွင်လေးမှာ သုတ်သုတ်ပြာပြာနဲ့ သမီးလေးကိုချီလို့
ဆေးရုံသို့ အမြန်လာခဲ့ရတော့သည်။

******

"ဒေါက်တာ...‌ဒေါက်တာ ကျွန်တော် ရိ‌ပေါ်အုပ်ထိန်း
သူပါ "

"လူနာဝင်တွေ့လို့ရပါပြီ အများကြီး စိုးရိမ်စရာမရှိလို့
စိတ်တော့ မပူပါနဲ့"

ဆရာဝန်စကားဆုံးတာနဲ့ ရိပေါ်ရှိရာအခန်းထဲသို့သူ
ဒုန်းဆိုင်း ဝင်သွားလိုက်သည်။

"ရိပေါ် "

"ကိုကို "

"ပြပါဦး ဘယ်နားနာနေသေးလဲ ဘယ်တွေထိခိုက်
ထားသေးလဲ။ ခေါင်းတွေဘာတွေရော မူးနေသေးလား"

"သား ဘာမှမဖြစ်တော့ပါဘူး ကိုကို အက်စီးဒန့်
အသေးစားလေးပါ လမ်းချော်နေလို့"

"ဘယ်လိုဖြစ်ရတာလည်း သွေးရိုးသားရိုးမှဟုတ်ရဲ့
လား။ ကိုကို မင်းကိုဆုံးရှုံးလိုက်ရရင်ဆိုပြီးအတွေးနဲ့
တင် ဘယ်လောက်ပြာယာခတ်သွားရလဲသိလား။
မဖြစ်ဘူး အဲ့ဒီအလုပ်ကနေ နှုတ်ထွက်လိုက်တော့"

ရိပေါ် နှုတ်ခမ်းလေး‌ကွေးသွားတဲ့အထိ ပြုံးမိကာ
ကိုကို့ ကို ဖက်ပစ်လိုက်သည်။ အခုတော့ သူ့မေတ္တာ
တွေစစ်မှန်လို့ထင်ပါရဲ့ ရောင်ပြန်ဟပ်ခဲ့ပါပြီ။ သူ့မှာ
ကိုကို့ကို ဘယ်လောက်တောင် ချစ်လိုက်ရသလဲ။

Until I Found You [Zhanyi/Complete]Where stories live. Discover now