Ep - 1

188 27 10
                                    

Zawgyi

"ကျောင်းပြီးသွားပြီဖြစ်တဲ့အတွက်
ဂုဏ်ပြုပါတယ်သခင်လေး..."

ရိပေါ်ဘွဲ့ယူပြီးလို့အိမ်အပြန်လမ်းပေါ်
ဝယ် ဒရိုက်ဘာမှသူ့အားဂုဏ်ပြု
စကားပြောဆိုလာခြင်း...
စိတ်ရင်းပါ မပါတော့သူကိုယ်တိုင်
သာသိပေလိမ့်မည်...

"အဟက် ဘာဂုဏ်ပြုစရာရှိလို့လဲ...
ကျောင်းပြီးသွားတာကလွဲလို့ ရှေ့ဆတ်
ပြီးနေ့ရက်တိုင်းကဒီအတိုင်းပဲ...
ပိုတောင်ဆိုးရွားလာအုံးမှာ..."

ဒရိုက်ဘာလဲပြာပြာသလဲဖြင့်
တောင်းပန်လာရတော့သည်...

"ကျွန်တော်စကားမှာသွားပါတယ်
သခင်လေး...တောင်းပန်ပါတယ်..."

"စိတ်ထဲကမပါတဲ့အပေါ်ယံစကားတွေ
ငါမလိုအပ်ဘူး...ကားမောင်းစရာရှိ
တာသာအာရုံစိုက်မောင်း..."

ဒါရိုက်ဘာ ဘာမှနှုတ်ဖွင့်ဟလာခြင်း
မရှိတော့ပဲ ကားမောင်းခြင်းကိုသာ
အာရုံစိုက်နေတော့သည်...
ဘာပြောပြောအကောင်းမမြင်နိုင်တဲ့
သခင်လေးဝမ်ကြောင့် တစ်ခြားအလုပ်
များထက်လစာ၃ဆ ပိုရတဲ့ဒီအလုပ်
လေးမှကန်ထုတ်မခံချင်ပါ...
အိမ်ပြန်လမ်း၁ဝက်ရောက်တဲ့အခါ
မှာတော့ ရုတ်တရတ် အိမ်ကမထွက်
လာခင်တည်းကသေချာစစ်ဆေးထား
တဲ့ကားက ဘရိတ်မမိတော့ပဲ
သူတို့ရှေ့တည့်တည့်ကလာနေတဲ့
ဘိလပ်မြေကားနဲ့ ထိပ်ချင်းဆိုင်
တိုက်မိပြီး သူတို့ကားဟာ
လေထဲကို၂ပတ်လောက်လွင့်ပျံပြီး
ကားလမ်းလယ်ပေါ် ကားဟာပက်လက်
လေးပြန်ကာ ဝုန်း! ကနဲပြုတ်ကျလာလေ
တော့သည်...

ကားအရှေ့ပိုင်းဟာမွစာကျဲကာ
စုတ်ပြတ်သတ်နေပြီး
ကားမှန်တွေကလဲ ကွဲပလဲလို့ပေါ့...
ကားဒရိုက်ဘာဟာဖြင့် သူ့လည်ပင်း
မှန်စစိုက်ဝင်နေပြီး ပွဲချင်းပြီးခဲ့ရတယ်...
ကားနောက်ခန်းမှရိပေါ်မှာတော့ဖြင့်
တစ်ကိုယ်လုံးထိရှရာတွေနဲ့ခေါင်းက
လဲသွေး ဒလဟော စီးကျနေပေမဲ့
သတိတော့ရဲ့ရဲ့လေးကျန်ရှိနေသေး
လေရဲ့...
ဒါပေမဲ့ဒါဟာသူ့ရဲ့အဆုံးသတ်အချိန်
ဆိုတာသိနေခဲ့လေတော့
စိတ်ပျက်လက်ပျက်ရီမိလိုက်တယ်...

သူသတိမပျောက်ခင်မှုန်ဝါးဝါးမြင်လိုက်
ရတာကာ ကားနားကိုတစ်လှမ်းချင်း
လျှောက်လာနေတဲ့ခြေတစ်စုံ...
လာကူညီခြင်းတော့မဟုတ်...
အနားရောက်ကာမှ ဒူး၁ဖက်ထောက်
ထိုင်ကာဖြင့် သူထိခိုက်ဒဏ်ရာရထား
သည်ကိုစိန်ပြည်နပြေကြည့်ရှုနေခြင်း
ကိုကြည့်ခြင်းအားဖြင့်သိနိုင်သည်လေ...
ပြီးနောက်မှ ကားနားကနေခြေလှမ်း
အနဲငယ်ခွာသွားပြီး ကားထဲကို
မီးခြစ် ခြစ်ကာပစ်ထည့်လိုက်ပြီးနောက်
စကား၁ခွန်းကိုပြောခဲ့သည်ကို
ဝိုးတဝါးကြားလိုက်ပြီးနောက်
သူ့အသိအာရုံလုံးဝအမှောင်အတိ
ကျသွားခဲ့ရသည်...

System 1 0 0 5Where stories live. Discover now