intro

573 30 7
                                    

Zawgyi

WYB
"ကျွန်တော့်နာမည်ဝမ်ရိပေါ်...
အသက်ကရှောင်ကျန့်...
မှားလို့အသက်က၁၈ပြည့်ပြီး...
မူကြိုထဲက ခုတက္ကသိုလ်နောက်ဆုံးနှစ်
ရောက်တဲ့အထိအမြဲကျောင်းရဲ့king
ဖြစ်လာခဲ့တာ...
အေးတိအေးစက်နဲ့တစ်ကိုယ်တည်း
ခပ်ကင်းကင်းနေတတ်လို့
ရေခဲတုံးမင်းသားလေးလို့
နာမည်ပြောင်ရထားပေမဲ့
အဲ့ဒီရေခဲတုံးမင်းသားဖြစ်တဲ့
ကျွန်တော့်ကိုပဲအပျိုအအိုနဲ့
တစ်ခုလတ် တစ်လင်ကွာပါမကျန်က
တမ်းတမ်းဆွဲအသေရရအရှင်ရရ
မသေမရှင်ပဲရရဖြစ်နေကြတာ...
အဲ့ထဲမှာယောကျာ်းလေးတွေက
အဆစ်ပါသေး...

ဒါပေမဲ့သူတို့ကျွန်တော့်ဆီလာလာကပ်
ကြတာကကျွန်တော့်ကိုတကယ်
ချစ်လို့မှမဟုတ်ပဲ...
ကျွန်တော့်ရုပ်ရည်နဲ့ဆယ်သက်
စားမကုန်နိုင်တဲ့စည်းစိမ်ဥစ္စာတွေ
ကြောင့်ပဲ...
ကျွန်တော့်မိဘ၂ပါးကကျွန်တော်
၁၃နှစ်သားအရွယ်ထဲကွယ်လွန်ခဲ့
ကြတာလေ...
သွေးရိုးသားရိုးသေသွားခဲ့တာတော့
မဟုတ်ခဲ့ဘူး...
လုပ်ကြံသတ်ဖြတ်မှုလို့ပဲပြောရမလား...
တရားခံဘယ်သူဆိုတာလဲကျွန်တော်
သိတယ်...
ဒါပေမဲ့ဘယ်သူမှအမှုမှန်မဖော်ထုတ်
ပေးခဲ့ကြဘူး...
အဟက် သိတယ်မလား...
အမှန်တရားကိုငွေနဲ့ဖုံးကွယ်လိုက်ကြ
တာလေ...

အဲ့တော့ကျွန်တော့်မိဘတွေကျန်ခဲ့
တဲ့စည်းစိမ်ဥစ္စာမှန်သမျှကကျွန်တော့်
လက်ထဲကိုအလိုလိုရောက်လာခဲ့
တယ်...
အသက်၁၃နှစ်အရွယ်ကျွန်တော့်ကို
သူတို့တွေအထင်သေးခဲ့တယ်ထင်ပါ့...
နောက်ကွယ်ကနေကျွန်တော့်ကို
အမျိုးမျိုးချုပ်ကိုင်ချယ်လှယ်ချင်ကြတယ်...
ကျွန်တော်ကလဲကျွန်တော့်ရဲ့
ဝှက်ထားတဲ့လက်သည်းကိုထုတ်ပြ
ပြီးခြင်္သေ့မှန်းသိအောင်ဟိန်းဟောက်
ပြလိုက်တာပေါ့...
အဲ့ကြပြန်တော့လဲ ဘာမဟုတ်တဲ့
အနုတ်စုတ် ဂုတ်စုတ် ခွေးဝဲစားတွေ
ကအမြီးလေးကုတ်ပြီး ချောင်ပြေးကပ်
ကြကော...

ဒယ်ဒီနဲ့မာမီချန်ရစ်ခဲ့တဲ့ပစ္စည်းဥစ္စာတွေ
ကိုမပျောက်ပျက်အောင်ကျွန်တော်
၁၃နှစ်အရွယ်လေးနဲ့ ကျားကုတ်ကျားခဲ
ကြိုးစားရုံးကန်ခဲ့ရတယ်...
ကျောင်းတစ်ဖက်ကုမ္ပဏီတစ်ဖက်နဲ့
နေ့ရက်တိုင်းဟာ စက်ရုပ်တစ်ရုပ်ကို
သံပတ်ပေးထားသလိုပါပဲ...
ပျော်စရာဆိုတာဘာမှန်းမသိ...
လူငယ်ဘဝဆိုတာဘာမှန်းမသိနဲ့
အသက်၁၈နှစ်သာပြည့်လာခဲ့ရတယ်...

System 1 0 0 5जहाँ कहानियाँ रहती हैं। अभी खोजें