ပြင်ဆင်ပြီးခါမှ ဘာနဲ့သွားရမယ်မှန်းမသိကြ။သူရောကိုယ်ရောက ခြေထောက်အသုံးများသူများဖြစ်ကြသည်မို့ သွားခါနီးမှဒုက္ခတွေ့လေရဲ့။

ထို့ကြောင့်ဘေးအိမ်မှ ဆိုင်ကယ်တစ်စီးအား ယွမ်(၁၅၀)ဖြင့်ငှားကာ စီအောအားချီတက်ခဲ့ကြခြင်းဖြစ်သည်။

နိုင်းကတော့ သပ်သပ်ရပ်ရပ်နေတတ်သူဖြစ်လို့အများကြီးပြင်ဆင်နေစရာမလို။

ဖြူသည့်အသားအရေရှိသူမို့ ရှိတာလေးကောက်ဝတ်သွားရုံနှင့်ပင်အဆင်ပြေပါသည်။
ရှင်းကတော့ ထုံးစံအတိုင်း မဲမြဲ၊မဲဆဲ။ပြီးတော့ maskပါ တပ်ထား၏။

စီအောရောက်တော့ လူသိပ်မရှိသေး။
မနက်စောစောဖြစ်သည်မို့ထင်ပါရဲ့။လူရှင်းကာ တိတ်ဆိတ်နေလေသည်။

ထိုတိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်သို့ ထိုးဖောက်ဝင်ရောက်လာသည့်အသံများက တစ်ချက်တစ်ချက် ကျယ်ကျယ်လောင်လောင်...
အသံများ၏လားရာကိုကြည့်လိုက်တော့
‌နိုင်းတို့ရှေ့ရှိ သံလှောင်အိမ်ကြီးထဲမှမျောက်များ။

နှစ်အိမ်ခွဲထားကာ
မျောက်အိုကြီးများအားတစ်အိမ်၊
မျောက်ငယ်များကတစ်အိမ်ဖြစ်လေသည်။

ဘေးပတ်ပတ်လည်၌ ငှက်ပျောသီးများ၊စပျစ်သီးများကပလုံစီနေကာ သရက်သီးများကလည်း လှောင်အိမ်သံတိုင်များကြား၌တို့လို့တန့်လန်း..
နိုင်းထိုမျောက်များအားကြည့်ပြီး အကြံတစ်ခုပေါ်လာ၏။

"ရှင်း ခဏနော် ငါဝယ်စရာရှိလို့"

ရှင်းပြန်ဖြေသည်ကိုမစောင့်။သူပြောချင်ရာပြောပြီး လှည့်ထွက်လာကာ ဦးတည်ချက်က
အကင်များရောင်းနေသည့်ဆိုင်သို့

"အားကျဲ ဝက်အူချောင်း၁၀ချောင်းလောက်ပေးပါ။ရှာကောပါကော မထည့်ဘူး"

(Note - ရှာကောပါကောဆိုတာက မြန်မာမှာဆိုရင် မာလာရှမ်းကောထဲထည့်စားကြတဲ့အမှုန့်လေးတွေပါ။အဲ့တာစားပြီးရင် ပါးစပ်တွေအာအာကြီးနဲ့ကျန်ခဲ့တာ။အထုံဆိုလားပဲခေါ်ကြတာလေ။
တရုတ်တွေက ရှာကောပါကောလို့ခေါ်တာပါ)

သို့....မာလီပါး  [Complete]Nơi câu chuyện tồn tại. Hãy khám phá bây giờ