The Gray:Melancholy

Start from the beginning
                                    

​ကော်ဖီတစ်ခွက်ကိုင်လို့  အနားသို့ ပြန်​ရောက်လာသည့်   ရိ​ပေါ်​ကြောင့်   ​ရှောင်းကျန့်က အလိုက်သင့် ခွက်အား  ကမ်းယူလိုက်သည်။

"လက်​မောင်း?
သက်သာရဲ့လား"

ရိ​ပေါ်ရဲ့  အ​​မေး​ကြောင့်  ​ရှောင်းကျန့်  မိမိ ဘယ်ဘက်လက်​မောင်းအား  အမှတ်တမဲ့  ကိုင်လိုက်မိသည်။
ထပ်မံ၍  ​ခေါင်းငြိမ့်ပြလိုက်​တော့  ရိ​ပေါ်က  ပြုံးပြန်၏။


"ကဲ  ဘယ်က  စ​ပြောကြရင် ​ကောင်းမလဲ  ၊
အချိန်​တော့  အကြာကြီး  မရဘူးရယ်၊
Studio  ကို သွားစရာရှိတယ်"

သာမန်​နေ့တွေနဲ့မတူပဲ  လန်းဆန်းတက်ကြွ​ပြီး  စကား​တွေ အများကြီး   ​ပြော​နေသည့်  ရိ​ပေါ်၏  ပုံ​လေး​အား    ​ရှောင်းကျန့်   နူးညံစွာ  ​ငေးကြည့်​နေမိသည်။
နတ်ဘုရားလို့တင်စားကြတဲ့  ​  ​​အေးစက်စက်လူသား  ဝမ်ရိ​ပေါ်၏   သည်လို   မြတ်နိုးစရာ​ကောင်းတဲ့ဖက်   အခြမ်းအာ  ​ရှောင်းကျန့်မြင်ခွင့်ရတာ  ဘယ်လို  ​ကောင်းချီးမျိုးပါလိမ့်ဟုလည်း   ​​တွေးမိသည်။
သို့​ပေမယ့်  တစ်ချိန်ချိန်တွင်  ဤအလှတရားဟာ    ကျိန်စာလို  တစ်သက်တာ   ​​ခြောက်လန့်​နေမည့်  အမှတ်တရ တစ်ခု ဖြစ်​​​နေကြောင်း  သ​​ဘော​ပေါက်မိ​​​တော့     ​သောကတို့ဖြင့်   တနင့်တပိုး ။

​ကော်​ဖီ​လေး​သောက်ကာ  စကားစမြည်း​ပြော​နေကြရင်း  စကားလမ်း​ကြောင်းဟာ  အမှုဘက်သို့ဦးတည်လာ​တော့  
ရိ​ပေါ် မျက်နှာမှာ  အနည်းငယ်တည်သွားသ​ယောင်၊
ရိ​​ပေါ်၏  ယုံကြည်မှုအား  အပြည့်အဝ မရ​သေးသည့်  ​ရှောင်းကျန့်အတွက်   ထိုနေ့ညက ဖြစ်ရပ်မှန်အား  သိနိုင်ရန်  ခက်ခဲ​နေဆဲ။
  သိုဝှက်တတ်သော   ဝမ်ရိ​ပေါ်၏    မာယာဖဲချပ်တစ်ချက်ချင်းအား      ​ရှောင်းကျန့်  ထုတ်​ဖော်    နိုင်ခဲ့ပြီဟု  ထင်ရ​ပေမယ့်   ကျိန်း​သေ​ပေါက်  ထို​ကောင်​လေးမှာလည်း တခြား  ဝှက်ဖဲ တစ်ချက်ရှိ​နေ​​လောက်သေးသည်။
ဝမ်ရိ​ပေါ်ဆိုတာ  ​ ကျော့ကွင်းထဲ  သက်ဆင်းရမယ်ဆို​တောင်  ထို​ကျော့ကွင်းရှင်အတွက်     ထောင်​​ချောက်တစ်ခု     ​ပြန်ထောင်ထားပြီး  အတူတူ ပျက်စီးပစ်လိုက်မည့်   ​ အဆိပ်ပြင်း​သော  လူတစ်​ယောက်မလား။

Caligari(Complete)Where stories live. Discover now