အခန်း ၁၀/အဆိပ်ကိုမြည်းစမ်းခြင်း

Start from the beginning
                                    

ချင်အင်ပါယာ၏ ရှုပ်ထွေးပွေလီလှသော နန်း
တော်ထဲသို့ ဓားစာခံမင်းသား တစ်ဦးက အင်
အားမသုံးဘဲ တစ်ရက်အတွင်း ပေါ့ပေါ့တန်
တန် ဝင်လာနိုင်ခြင်းကို အချို့က အားကျကြ
သည်​။အချို့ကမူ မနာလိုဖြစ်ကြလေသည်။

မည်သို့ပင်ဖြစ်စေ နန်းတွင်းအမှုထမ်း အများစုသည် 'အာဏာစက်နှင့် ဆက်နွယ်ခြင်းသည် ကျားနှင့်အတူ လဲလျောင်းသည့်နှယ် အန္တရာ
ယ်ကြီးပေစွ'ဟူသော ဆိုရိုးစကားတစ်ခွန်းကို အမှန်တရားအဖြစ် မှတ်ယူထားကြပြီး ယနေ့တွင် နန်းဆောင်ထဲသို့ ခြေချနိုင်ခဲ့သော်ငြား နောက်တစ်နေ့ နံနက်တွင်တော့ ခေါင်းပြတ် တစ်ခုလည်း လိမ့်ထွက်လာနိုင်သည်ဟု ယုံ
ကြည်ခဲ့ကြသည်။

ဝေ့လျန်သည် အပြင်လူတို့၏ ထင်မြင်ယူဆ
ချက်များကို မသိပါချေ။သူသိလျှင်တောင် လိုက်ခံစားပြီး အာရုံစိုက်နေမည့် လူစားမျိုး မဟုတ်ခဲ့။

ယန်ရှင်းအဆောင်တော်သည် နွေးထွေး၍ အ
စားအသောက်များက အရသာရှိသည့်အပြင် အိပ်ယာခင်းများသည်လည်း ထူထဲနူးညံ့လှသည်။ဤအချက်ဖြင့်ပင် ဝေ့လျန် စိတ်ကျေန
ပ်ရ၏။

ချင်ဧကရာဇ်ကရော...? ဘာဖြစ်သလဲ?

ကျန်ရှိနေသေးသော ဘဝနေ့ရက်များကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်ရန်နှင့် ရည်ရွယ်
ချက်ကို လျင်မြန်စွာ အကောင်အထည်ဖော်ရ
န်အတွက် အသုံးချခဲ့သော လှေကားထစ်မျှသာ။

ရူးနှမ်းနေသူကသာ နိုင်လိုမင်းထက် ဧကရာဇ်တစ်ပါး၏ အချစ်ကို မျှော်ကိုးပေလိမ့်မည်။ဝေ့လျန်ကတော့ ရူးနှမ်းနေသူ မဟုတ်ခြင်းကြောင့် စည်းစိမ်ဥစ္စာနှင့် ရာထူးအဆင့်အတ
န်းကိုသာ မက်မောပြီး လက်တွေ့ဆန်လွန်းသော ယောကျာ်းတစ်ယောက် ဖြစ်တာကြောင့် စိတ်ရှုပ်စရာကောင်းသည့် အချစ်ရေး အယှ
က်အနွယ်များကို စိုးစဥ်းမျှတောင် စိတ်မဝင်
စားချေ။

ဤအချက်သည် ချင်ဧကရာဇ်အတွက်လည်း
မဟာအမှန်တရားဖြစ်ပြီး သူတို့နှစ်ဦးသည် တစ်ဦးချင်းစီ၏ ကိုယ်ရေးကိုယ်တာ အကျိုး
စီးပွားများအတွက် ကျေနပ်စွာ ပူးပေါင်းဆော
င်ရွက်ရင်း အများအမြင်တွင် လက်တွဲဖော်အ
ဖြစ် မှတ်ယူစေမည်။

ထိမ်း​​မြားပဏ္ဏာအင်ပါယာWhere stories live. Discover now