Part(3)Twice

Depuis le début
                                        

ထပ်ငြင်းလာမည့် သူ့အသံကိုကြိုသိနေ၍ လီဗာကို ဗြဲကာအသံကိုပိုကျယ်စေလိုက်ပြီး ငြင်းဆိုသံကို လျစ်လျူ ရှုလိုက်သည်။ ဘုရားပေါ်ရောက်တော့ ကျွန်တော် ဆိုင်ကယ်ကို ရပ်လိုက်ပြီး
"လာ ကိုမိုးစစ်ဟန်၊ ကျွန်တော်တို့ ဒီမှာပဲစားရအောင်"

Rich caféကို လက်ညှိုးထိုးပြပြီး ကျွန်တော်ဆိုလိုက်တော့သူက
"နေပါစေ အစ်ကို ဒီခုံမှာပဲ စောင့်နေမယ်။"

သူ့အပြောကြောင့် ကျွန်တော် မျက်မှောင်ကြုတ်သွားရပြန်သည်။
"ဘာလို့ ဒီမှာစောင့်မှာလဲ"

"အစ်ကို ပိုက်ဆံမယူလာမိဘူး။"

ခပ်တိုးတိုးဆိုလာသောသူ့အသံကြောင့် ကျွန်တော်ရယ်ချင်စိတ်ကို ထိန်းထားလိုက်ရသည်။ သူနှင့်ရင်းနှီးချင်လို့ သူ့ကို မုန့်ကျွေးဖို့ ခေါ်လာတာကို မသိလေရောလား။ ကောင်းတာပဲလေ နောက်တစ်ခါအတူတူမုန့်စားရဖို့ အခွင့်အရေး ဖန်တီးလို့ရတာပေါ့။

"သြော် ဘာများလဲလို့ ကျွန်တော် ဒီတစ်ခေါက် ရှင်းပေးလိုက်ပါ့မယ်။ နောက်တစ်ခေါက် ကိုမိုးစစ်ဟန်ကျွေးပေါ့။"

"မဟုတ်...အစ်ကို ဗိုက်မဆာလို့ပါ"

"ဂွီ~~"

ပြောပြီးမရှေးမနှောင်းမှာပင် သူ့ဗိုက်က ဆန္ဒပြသံကိုကြားလိုက်ရ၍ ကျွန်တော်အသံထွက်ပြီး ရယ်ချလိုက်မိသည်။ အပြောနှင့် မကိုက်ညီသော အခြေအနေကြောင့် ကိုမိုးစစ်ဟန်၏ နားရွက်ဖျားများက ရှက်စိတ်ဆောင်၍ နီရဲလာသည်ကို မြင်လိုက်ရမှ ကျွန်တော် မျက်နှာပိုးသတ်ကာ
"လာပါ ကိုစစ်... မဟုတ် ကိုမိုးစစ်ဟန်ရယ်။"

ရှက်မွှန်မွှန်နေသောကြောင့် ကျွန်တော်မှားခေါ်လိုက်သည့် နာမ်စားလေးကို ကြားဟန်မရသော သူ့ကြောင့် ကျွန်တော် စိတ်သက်သာရာရသွားသည်။

"ဂင်မ်ချီ ခေါက်ဆွဲတစ်ပွဲနဲ့Iced latte တစ်ခွက်။ ကိုမိုးစစ်ဟန်ရော"
Waiter ကောင်လေးကိုလှမ်းမှာရင်း သူ့ကိုပါ ရောမေးလိုက်တော့
"အစ်ကို့ကို black coffee တစ်ခွက်ပေးနော်၊ သံပုရာသီး တစ်ခြမ်းပါထည့်ပေး။"

သောက်စရာတစ်ခွက်သာမှာသောကြောင့် ကျွန်တော်ထပ်လောင်း မှာပေးလိုက်သည်။
"ထမင်းကြော် တစ်ပွဲ ကြက်သားနဲ့ပေးနော်။"

OPPOSITE { Edited Version } Où les histoires vivent. Découvrez maintenant