Arc 6.3 [ uni+ zaw ]

Start from the beginning
                                    

တစ်ဖက်က ဆက်သွယ်လာသူကလည်း မြင်နေရတဲ့
bossဖြစ်သူ မျက်နှာ အနေအထားကြောင့် အတော်
လေး ထိတ်လန့်ပြီး ထစ်ထစ်အအနဲ့ အမြန်ရှင်းပြ
ရသည် ။

" အဲ့ အဲ့တာကလေ ဂိတ် ဂိတ်စောင့်က လူသစ်
ပြီး ပြီးတော့ သမ္မတကြီးနဲ့ bossဆက်ဆံရေးကို
မသိဘူး စစ်ဆေးရေးဂိတ်ကို ရောက်လာမှ ကျွန်
တော် bossကို ဆက်သွယ်ပါတယ် ဟို..  "

" တီတီ "

စစ်ဆေးရေးတာဝန်ရှိသူကတော့ ကျသွားတဲ့ စက်နဲ့အတူ သက်ပြင်းကို ချလိုက်မိသည်။ နောက်နေ့ သူ
အလုပ်ထုတ်ခံရမလား မသိ ။

ကျေးဇူးပြုပြီး bossနဲ့ သမ္မတကြီး ရေနွေးကြမ်းလေးသောက်ရုံလောက်ပဲ ပြီးသွားကြပါစေ

ဒါပေမဲ့  မဖြစ်နိုင် ။
တင်းမာတဲ့ မျက်နှာထားနဲ့ ခပ်ဆင်ဆင်လူနှစ်
ယောက်က အေးခဲလောက်တဲ့အကြည့်တွေနဲ့
အပြိုင်ကြည့်နေကြသည် ။ ဖြောင့်တန်းနေတဲ့ မျက်ခုံးတွေအောက်က စူးရှပြတ်သားတဲ့ မျက်ဝန်းတွေက ဆင်တူပြီး တစ်ပုံတည်းကော်ပီပွားထားလောက်အောင် တူသည် ။ အသက်အရွယ်အရ လူငယ်ဆန်သော မျက်နှာထားနဲဝမ်က အသံအရင်ထွက်လာသည် ။

" ဘာကိစ္စရောက်လာတာလဲ မကြိုဆိုတာမို့ ပြန်လိုက်ပါ "

သမ္မတဝမ်လည်း တင်းမာနေတဲ့မျက်နှာအနေအထားက ကွာကျသွားကာ..

" ဝမ်လေး မင်း အသက်မငယ်တော့ဘူးလေ! "
အားမလိုအားမရအသံနဲ့ ပြောလာတဲ့ သမ္မကြီးကြောင့် ဝမ် ခနဲ့အပြုံးပန်ဆင်ကာ

"အခု အသက်၁၅ရှိနေပြီ "

" အင်း မင်း၁၂နှစ်ကတည်းက ထွက်သွားတာလည်း
သိတယ် "

" မှားတယ်!  ၁၁နှစ်နဲ့၁၁လတုန်းက ၂၃ရက်နေ့က"

" အိုး "
စနောက်သံကြောင့် ဝမ့် မျက်နှာက ဒေါသကြောင့်
ရော ခံပြင်းစိတ်ကြောင့်ပါ ရဲတက်လာသည် ။

သမ္မတကြီးကတော့ သူ့သားငယ်လေးရဲ့ ကလေးရုပ်
ပင် မပျောက်သေးတဲ့ ကိုယ်လေးနဲ့မျက်နှာလေး
ကြောင့် အပြစ်ရှိသလို ခံစားရကာ ခြေလှမ်းတွေ
နီးကပ်မိသည် ။

ဒါပေမဲ့ ဝမ်ကတော့ ထိုသို့မဟုတ်ပဲ သမ္မတကြီးရှေ့တိုးလာတော့ နောက်နှစ်လှမ်းဆုတ်လိုက်သည် ။
မျက်လုံးထဲမှာ ခုနကလို ကလေးဆန်စိတ်ဘာညာ
မရှိတော့ပဲ ပြတ်သားတဲ့မျက်ဝန်းတွေနဲ့ စိုက်ကြည့်
ကာ

My soulmate(system) Where stories live. Discover now