Arc 6.3 [ uni+ zaw ]

1.8K 181 17
                                    


အကျီထဲက အသံထွက်နေတာ ဖုန်းခေါ်နေခြင်း ဖြစ်ပါလိမ့်မည် ။ ဒါပေမဲ့ ဘာမှဂရုမစိုက်စွာပဲအငြိုးလားထင်ရအောင် ရှောင်ကျန့်ဘာမှမလုပ်ပါပဲဝမ်ရိပေါ်ရဲ့ဒေါသကိုကြိတ်မှိတ်ခံနေရသည် ။ မလှုပ်နိုင်ပဲ ကုတင်ပေါ်လှဲနေတဲ့သူ့ကို အပေါ်အုပ်မိုးထားကာ လည်ပင်းတစ်လျှောက်နဲ့ ပခုံးသားတွေကိုတစ်တိတိ အကိုက်ခံနေရသည် ။' အသံထွက်ရင် တစ်ကိုယ်လုံးကိုက်မယ်' ဆိုပြီး ခြိမ်းခြောက်ထားတာကြောင့် ရှောင်ကျန့် အသံမထွက်ရဲပါ ။ ကုတင်ပေါ်မှာ ပက်လက်ကလေးနဲ့ အဖိခံထားရသည် ။

ဝမ် သူ့ကိုယ်တိုင် ဒီလောက်ထိ ဒေါသထွ​က်မိလိမ့်မယ်လို့ ထင်မထား ။ မကျေမနပ်ဖြစ်နေရခြင်းရဲ့
တရားခံက လီရှောင်ကျယ်ဆိုတာသိပေမဲ့ အောက်
ကတစ်ယောက်ပေါ် ပုံချမိသလိုဖြစ်နေသည် ။

ဒါပေမဲ့ သူသဘောကျသည် ။ အောက်ကလူရဲ ဖြူနု
အိစက်နေတဲ့ လည်ပင်းသားလေးတွေက သူ့စိတ်
ထဲ အမွေးရနံ့တစ်ခုတောင် ရနေသလို ပြီးတော့
သူထိလိုက်တဲ့နေရာတိုင်း အနီကွက်လေးကျန်ခဲ့
တာကိုလည်း သဘောကျသည် ။ မနေ့ညတုန်းက
သူ ဒီကောင်လေးနဲ့နောက်ဆုံးအဆင့်ထိရောက်သွား
ခဲ့သည် ။ ဒါဟာ ချစ်သူရည်းစားတွေဆို သဘောကြည်ဖြူမှ လက်ခံပေးတဲ့ နောက်ဆုံးသက်မှတ်ချက်
ပင် ။ ဒါဟာ မတော်တဆ အင်တာနက်က ရှာတွေ့ခြင်းပင် ။ သိပ်ပြီး နားမလည်ပေမဲ့ သူနဲ့အောက်က
လူက ချစ်သူရည်းစားမှ မဟုတ်တာ ( nway: လွဲပြီ)

*တီတီ!!! တီ!*

ကုတင်ဘေးဘက်က စားပွဲနားက အချက်ပြခလုတ်
အသံကြောင့် ဝမ်ခေါင်းထောင်ပြီး အခြေအနေ
မဟန်တာကြောင့် ထလိုက်သည် ။ သူတို့ဓာတ်ခွဲခန်း
မှာ တော်ရုံဆို အချက်ပြမမြည် ။ ဒါဟာ အရေးကြီးလို့ပဲ! !

" အင်း "
မကြာပါ သူ့ဆက်သွယ်ရေးစက်က အသံတွေထပ် မြည်လာသည်။ သူလေသံအေးအေးနဲ့ ပြောနိုင်သလောက်တစ်ဖက်လူက အလောတကြီးဖြစ်နေကာ စကားတောင် သွက်နေသည်။

" boss bossရေ သမ္မတကြီး ရောက်နေတယ်! "

ဝမ် မေးရိုးတွေတင်းသွားသည်။ ဆက်သွယ်ရေးစက်
ကို ကိုင်ထားတဲ့ သူ့လက်ကလည်း တင်းကြပ်လာ
သည် ။

My soulmate(system) Where stories live. Discover now