ရှောင်းကျန့်လေးဟာ စိတ်တိုသွားရပြီး အန်ဒရူးကိုကျောပေးလိုက်ကာ လေလံပွဲကို မျက်စိကစားကြည့်သည်။

ဇာတ်လိုက်မက အခု ကိုယ်ဝန်၃လအရွယ်ဗိုက်နဲ့ ရဲတိုက်ထဲမှာပဲ နေနေရတာဖြစ်ပြီး ဟင်နရီကတော့ တိုင်းပြည်ရေးရာတွေနဲ့ လုံးပမ်းနေရလေသည်။

ငါ့ကို အတော်သေစေချင်နေတာပေါ့လေ။
သူ့ခယ်မအတွက် ငါ့ကို စတေးရတယ်?

'Kitty မင်းပြောကြည့်.. အန်ဒရူးဆိုတဲ့ ဖုတ်ကောင်သေနာကြီးက ဇာတ်လိုက်မကို နှစ်သက်နေတာမလား '

' တော်လိုက်တာ host ရယ်..ဟုတ်တယ် '

' နေစမ်းပါအုံး.. မေးစရာရှိလို့ပါ..မင်းတို့က  ငါ့ကို လူတစ်ယောက်အဖြစ်နဲ့မမြင်ချင်လို့လား.. တိရစ္ဆာန်ကိုယ်ထဲပို့လို့ပို့နဲ့ အခုကမ္ဘာမှာ ငါ လူဖြစ်နိုင်ပါ့မလား'

' လူဖြစ်နိုင်ပါတယ် host ရဲ့..ကျွန်တော်တို့ကို အထင်မလွဲပါနဲ့နော်.. Host ရဲ့ဝိညာဉ်ရွေးချယ်မှုအပေါ်မှာပဲ မူတည်ပြီး host က နေရာရတာပါ..အရင်ကတော့ ကျွန်တော်တို့နဲ့ ဆိုင်ပေမယ့် အခုတော့ host နဲ့ပဲဆိုင်ပါတယ် '

' ဒါဆို ငါ့ဝိညာဉ်က ဒီခန္ဓာကိုယ်ထဲကို ဝင်ခဲ့တာပေါ့လေ '

' ဟုတ်တယ် '

စိတ်တိုနေပြန်တဲ့ ယုန်ဝတုတ်ပေါက်စလေးကို အန်ဒရူးက ကြည့်ပြီး ဂုတ်ဆက်ကို လက်ညိုးလေးနဲပွတ်သတ်ကလိထိုးလိုက်သည်။

" ဘန်..ဘာဖြစ်နေတာလဲ ၊ ရော်.. ဘန့်မျက်လုံးတွေနီနေပါလား.. ဒယ်ဒီ့ကို စိတ်ကောက်နေတယ်ပေါ့လေ အဲ့လိုလား ''

စိတ်ကောက်နေတာမဟုတ်ဘူးကွ၊ သတ်ချင်နေတာ ၊ သတ်ချင်နေတာ ၊ တဏှာရူးဖုတ်ကောင်။

" ဘန်လေးစိတ်ဆိုးနေတာ ဒယ်ဒီအသည်းယားလာပြီကွာ..ဘာလို့များအဲ့လောက်ထိ ချစ်ဖို့ကောင်းနေရတာလဲ ''

အသည်းယားရင်ဓားနဲ့မွှန်းပြီးဆားနယ်ထားလေ၊
နှာဘူးကောင်ရဲ့ ..ငါချစ်စရာကောင်းတာအရင်ကတည်းက.. အခုမှဖင်လာယားမနေနဲ့။

အန်ဒရူးသည် တရှုးရှုးဒေါသထွက်နေသော အကောင်ပေါက်လေးကို ချစ်စနိုးနဲ့ ကြည့်ကာ ငေးနေဆဲမှာပဲ ကြားလိုက်ရတဲ့အသံကြောင့် စင်ပေါ်ကိုအကြည့်ရောက်သွားသည်။

Peculiarly System [Completed ]Where stories live. Discover now