အခန်းခြောက်

162 38 14
                                    

"ယျာဉ်မှူးကိုစိတ်ဆိုးတယ်
ပန်းပြာလေးကိုထားပြီးအဝေးကို
ထွက်သွားဖို့ရာပြင်တယ်"
...

ကြိုတွေးထားသည့်အရာတွေကမျက်စိရှေ့မှောက်တည့်တည့်ရောက်လာတဲ့အခါမှာတော့ ရှေ့လည်းမတိုးသာ နောက်လည်းမဆုတ်သာ။
ပိုးချည်တစ်မျှင်ဟာ ဘာကြောင့်များမပျံသန်းနိုင်အောင် တားဆီးနေနိုင်တာ။

*****

" ငါ scholarshipရလို့ မနက်ဖြန်ကျပညာတော်သင်သွားရတော့မှာ"

ကျွန်တော့်အသံတွေကို တတ်နိုင်သမျှ ထိန်းထားတဲ့ကြားကတုန်တုန်ရီရီ။
နားထဲသို့လေတွေတိုးလာသည်။
ခေါင်းတစ်ခုလုံးလည်းလေဟာနယ်ထဲလွင့်နေသလို။
ခြေမကိုင်မိလက်မကိုင်မိဖြစ်ရတာတွေကလည်း သိပ်ဆိုးလှတယ်။

"ထယ်ကတော်လိုက်တာ ဟိုဆော့ကထယ်လုပ်နိုင်မယ်ဆိုတာသိသားပဲ"

ဟိုဆော့က ရီသံနှော၍ပြောသည်။
ဒါပေမယ့်သေချာသည်ကတော့ကျွန်တော်‌ရောသူ‌ရောပျော်မနေခဲ့ကြပါ။
ထုံထိုင်းနေသည့်ခံစားချက်များမှတဆင့် မြူခိုးဝေသီကာမှုံမှိုင်းနေသော ကောင်းကင်ပြင်ထံ။

"အချိန်တွေကုန်တာမြန်တယ်နော်"

"အင်း"

"ထယ်"

"ပြောလေ"

"ထယ် ဟိုရောက်ရင် ဟိုဆော့ကိုမေ့မသွားရဘူးနော်"

"မပြောတတ်ဘူး ဟိုရောက်လို့နိုင်ငံခြားကသူငယ်ချင်းအသစ်‌တွေနဲ့တွေ့ရင် မေ့ရင်မေ့သွားမှာ"

အလျှင်အမြန်ပင် လက်သေးသေး‌လေးတစ်ဖက်က နားရွက်ကိုပူထူသွားတဲ့ထိလိမ်ဆွဲချသည်။

"အား..လျှောက်ပြောတာ‌လို့"

"အဲ့လိုတွေမစနဲ့ထယ် ဟိုဆော့မကြိုက်ဘူး"

"မမေ့ရပါဘူး ဟိုဆော့ရယ်
ဟိုမှာငါ့ကိုပုံ‌ပြင်ပြောပြတဲ့သူရှိမှာမဟုတ်လို့ မင်းအသံလေးကိုပဲ လွမ်းနေရမှာ"

တစ်စတစ်စတောင်တန်းတွေအကွယ်ကိုပုန်းခိုသွားသည့်နေလုံးကြီးကိုငေးကြည့်နေကြရင်း
စကားတွေရပ်သွားပြန်သည်။
ဒီနေ့နေဝင်ချိန်ကငါတို့အတွက်နောက်ဆုံးများဖြစ်နေခဲ့ရင်။

Gardener of Little Blue FlowerWhere stories live. Discover now