"တကယ်တော့ ငါ... ငါက မင်းထင်ထားသလောက်ကြီး ပြီးပြည့်စုံနေတာမဟုတ်ဘူး။ ငါကခေါင်းမာတယ်၊ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကင်းမဲ့သလို တစ်ခါတစ်ရံမှာ တကိုယ်ကောင်းလည်းဆန်သေးတယ်၊ ငါတောင်းပန်ပါတယ် ငါမင်းကို အကြိမ်ကြိမ်စိတ်ထိခိုက်ဝမ်းနည်းမိစေတယ်"

ဟော်ချွီသည် ဘယ်တုန်းကမှ စိတ်သဘောထားမပြည့်ဝသူတယောက် မဟုတ်ခဲ့ပါကြောင်းနှင့် ဟော်ချွီရှေ့မှောက်တွင် သူစိတ်ရင်းမှန်အတိုင်းရှိခဲ့သော်လည်း တစ်ခါတစ်ရံတော့ သူလည်း ဘာမဟုတ်တဲ့ကိစ္စအသေးအမွှားလေးတွေနဲ့ အကြောင်းမရှိအကြောင်းရှာမိသေးသည်ပင်။

ယွီချင့်ဟွမ်၏မျက်လုံးများမှာ နီမြန်းလာခဲ့သည်။ သူအလုပ်ကနေ ပင်ပင်ပန်းပန်း ခြေကုန်လက်ပန်းကျပြီး ပြန်လာရုံလေးတင်ရှိသေးတဲ့အတွက် ဟော်ချွီသည် ယခုဖြစ်ရပ်ကို နားလည်မှုရှိရှိ ရှော်ပေးလိုက်ဖို့သင့်သည်ဟု သူတွေးထင်ထားခဲ့သည်။

သို့ပေမယ့် ဟော်ချွီက သူ့အပေါ် ဘယ်လောက်တောင်မှ နက်နက်ရှိုင်းရှိုင်းချစ်မြတ်နိုးလိုက်သလဲ.. သူ့အပေါ် ဘယ်လောက်‌တောင်မှ အားကိုးအားထားပြုသလဲဆိုတာနှင့် ဝမ်ချန်ချန်နဲ့ သူ့အကြောင်းကောလာဟလတွေကြားလိုက်ရစဉ် သူဘယ်လောက်တောင်မှ စိတ်ထိခိုက်သွားရမလဲဆိုတာကို သူမေ့လျော့ထားခဲ့မိ၏။ သူ့အပေါ် စိတ်ရှည်လက်ရှည်ရှင်းပြရမယ့်အစား သူ့အချစ်တွေကို အကျိုးအကြောင်းမဲ့သကဲ့သို့ သူမှတ်ယူမိခဲ့သည်။

သူရဲ့အေးတိအေးစက်စကားလုံးတွေကို ကြားလိုက်ရစဉ်တုန်းက ဟော်ချွီနှလုံးသားတွေ ဘယ်လောက်တောင်ကွဲကြေခဲ့ရမလဲ။ ယွီချင့်ဟွမ်နှလုံးသားမှာ စူးနင့်နေအောင် နာကျင်ခံစားနေရသည်။

နာရီတွေကိုနောက်ပြန်ဆုတ်ပြီး သူချစ်ရတဲ့သူကို သူကိုယ်တိုင်နာကျင်ထိခိုက်စေခဲ့ခြင်းမှ သူ့ကိုယ်သူရပ်တန့်ဖို့ ဘယ်လောက်တောင်မှဆန္ဒပြုမိလိုက်သလဲ။

"ချင့်ဟွမ်" ဟော်ချွီက သူ့စကားလုံးတိုင်းကို နားလည်ဖို့ရာအနိုင်နိုင်ဖြစ်နေပေမယ့် သူနားလည်တဲ့အပိုင်းကို ပြန်လည်တုံ့ပြန်ဖို့ကြိုးပမ်းလာ၏။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now