"မင်း ဘာတွေလုပ်နေတာလဲ သားဇဏ် "

"ကျွန်တော် လုပ်နေတာ ကျွန်တော်သိတာမို့ ဒယ်ဒီအာရုံမစိုက်ပေးလည်း ဖြစ်တယ် "

"ဒါဆိုဘာလို့ ဒယ်ဒီ့ကိုခေါ်လာရတာလဲ "

"ဒယ်ဒီမေ့နေတာတော့ မဟုတ်ပါဘူးနော် ၊ ကျွန်တော် USမသွားခင် စာချုပ်တစ်ခုချုပ်ခဲ့တယ်လေ "

ဦးမင်းနွယ် ‌ထိုစာချုပ်ကိုမေ့နေခဲ့တာဖြစ်သည်။ ကျောင်းတက်တာနဲ့ပတ်သက်ပြီး အပေးအယူလုပ်ခဲ့သည့် အကြောင်းအရင်းသည် ကောင်လေး‌တစ်ယောက်ကြောင့်သာ ။ သားက ထိုအချိန်တည်းက သူ့အဖွားလုပ်မဲ့ အရာတွေကို ကြိုမြင်နေခဲ့တာများလား။

"ဟုတ်ပြီ ။ မင်းစာချုပ်ဆိုတော့ မင်းသဘောပေါ့ "

နှစ်ယောက်သား သဘောတူညီမှုအပြီးမှာ အိမ်ထဲသို့ဝင်သွားလိုက်ကြသည်။ သူတို့အိမ်နှင့်မတူပဲ နွေးထွေးတဲ့ အငွေ့အသက်ရှိသည်မှာ ၀င်လိုက်တာနှင့် သိသာသည်။ မဒေစီဟာ အလိုလိုက်ခံ အချစ်ခံရမှန်း သိသာလှသည်။
ဒီစေ့စပ်ပွဲကို မငြင်းသည်မှာ သူ့ကိုလက်ထပ်ချင်လို့မဟုတ်ပဲ မိဘနှစ်ပါး၏ လုပ်ငန်းကို အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်နေသည်ပုံပင်။ ဧည့်ခန်းထဲတွင်လည်း မိသားစုပုံနှင့် မဒေစီ၏ ဘွဲ့ယူအခမ်းအနားပုံများနှင့် ပြည့်နေသည်။

နာမည်နှင့်လိုက်စွာ ကျက်သရေရှိသော အမျိုးသမီးသည် သူတို့ရှိရာသို့ တစ်လှမ်းချင်းလျှောက်လာကာ ဖော်ရွေစွာပြော၏။

"သားဇဏ် လာလည်မယ်လို့ သမီးကကြိုပြောထားလို့ အန်တီစောင့်နေတာ "

ခီတန်ကူးဇဏ်က ဘာမှမပြော။ ပြုံးရုံသာပြုံးသည်။
ဒေါ်မေရီခင်က အခုမှ ဦးမင်းနွယ်ကို သတိထားမိသလို အလျင်တစောပြောလာ၏။

"သားအဖေပါ ပါမယ်မှန်းမသိဘူး ။ အပေါ်ထပ်ကိုလိုက်ခဲ့ သားအန်ကယ်စောင့်နေတယ် "

အန်တီက စာကြည့်ခန်းတစ်ခုကို ညွှန်ပြပြီး အောက်ထပ်သို့ ပြန်ဆင်းသွားသည်။ 
ဒယ်ဒီရဲ့ မျက်နှာပျက်နေသည်ကို မြင်လိုက်ရသည်မို့ သူအသာပြုံးရင်း…

"ဒယ်ဒီ ၀င်ရအောင်လေ "

"ဒီလိုလုပ်တာ အဆင်ပြေပါ့မလား ဇဏ် "

Love Of My Life [Completed]Where stories live. Discover now