အချိန်တွေတောင် အင်း ဘယ်နနှစ် ? အာ ငါးနှစ်လောက်ကြာသွားပြီ
jeongsong တယောက်ကော်ဖီသောက်ရင်းနဲ့မြို့ရဲ့ရှုခင်းကိုကြည့်နေတယ်
အရာအားလုံးကပြောင်းလဲသွားခဲ့ပြီ သူကိုယ်တိုင်ကတော့မပြောင်းလဲတာတခုတော့ရှိခဲ့တယ် အဲ့တာသူ့နှလုံးသား ...
သူ့နှလုံးသားလေးကအဲ့နေ့ကတည်းက ကြောင်ကလေးတကောင်ဆီပါသွားခဲ့တယ်
သူကိုယ်တိုင်လည်းလိုလိုလားလားထည့်ပေးလိုက်တာပါ ပြန်လည်းမတောင်းချင်ပါဘူး
ဒါမယ့် ပြန်လာမယ်လို့ပြောခဲ့တဲ့ကြောင်ကလေးက အဲ့နေ့ကစပြီးသူ့အိမ်ကိုပြန်မလာတော့ဘူး ..........
" သူတို့နိုင်ငံခြားကိုပြောင်းသွားပြီ "
အဲ့သတင်းကသူ့အမေအတွက်စိတ်မကောင်းစရာဆိုပေမယ့် သူ့အတွက်က ရင်ပါကွဲတယ် သူကြောင်ကလေးမရှိပဲဘယ်လိုနေရမလဲ မေမေကသူ့ကိုသနားနေတဲ့အကြည့်နဲ့ကြည့်တယ်
သူ့ကိုအဲ့လိုကြည့်တာကိုတကယ်မကြိုက်ဘူး သူ့ကို ကြောင်ကလေးကအဲ့လိုကြည့်တာပဲ ခံချင်တာ
အဲ့နေ့ကစပြီးသူပြောင်းလဲသွားတယ် မရယ်တော့ဘူး စကားမပြောတော့ဘူး ခံစားချက်မရှိတော့ဘူး သူ့မေမေကစိုးရိမ်တကြီးဆရာ၀န်တွေပြတယ် ဘာမှမထူးပါဘူး
သူတကယ်ခံစားချက် ကိုမေ့လာခဲ့တယ် ဘာကိုဆိုလိုလဲတောင်နားမလည်တော့တဲ့အထိ အဲ့တာ အခုအချိန်ထိပဲ
jeongsong မဲ့ပြုံးလိုက်တယ် ဒါပေမယ့် ဒီနှလုံးသားက တစုံတယောက်နာမည်ကိုကြားရင်တော့ ပြန်ခုန်လာတယ်
ဟက်
သူနေ့စဉ်အချိန်တိုင်းစက္ကန့်တိုင်းကိုစိုးမိုးထားတာကတော့ " ကြောင်ကလေး "
အရင်နှစ်တွေကလိုမဟုတ်တော့ပဲ သူကအရမ်းကိုစမတ်ကျပြီး မိန်းကလေးတိုင်းရဲ့အသည်းနှလုံးကိုပိုင်ဆိုင်ထားတဲ့သူတယောက် ချမ်းသာကြွယ်၀နေတဲ့ ceo တယောက်ဖြစ်နေခဲ့ပြီ။
ဒါတောင် ကြိုက်နေတဲ့မိန်းကလေးတွေကတော့ သူကိုယ်တိုင်နားမလည် မဟုတ် သိလည်းမသိချင်တော့