ထမင်းစားပွဲဝိုင်းမှာဆိုရင်တော့
jungwon ဖေဖေရဲ့မျက်နှာချင်းဆိုင်က jeongsong ဖေဖေ
jungwon မေမေရဲ့မျက်နှာချင်းဆိုင်က jeongsong မေမေအဲ
jeongsong မျက်နှာချင်းဆိုင်ကတော့ jungwon လေးပေါ့
jeongsong မှာတော့ အရှေ့ကိုတောင်ရဲရဲမကြည့်ရဲပဲ မနက်စာကိုသာကုန်းရုံးစားနေတော့တယ်
မနက်စာကိုအမဲဖြတ်သလိုစားနေတော့ jeongsong မေမေလည်းခုနကပြောတာကိုသတိရသွားပြီး သူ့သားလေးအဆင်ရောပြေပါ့်မလားလို့တွေးလိုက်တယ်
ပါးစပ်ကိုတစ်ရှုးနဲ့သုတ်နေရင်းမေးလိုက်တယ်
jeongsong mom - သား မနက်စာကစားကောင်းရဲ့လားကွယ်
jeongsong လည်းသူ့အမေကိုမရဲတရဲကြည့်လိုက်တယ် သူ့မျက်လုံးထောင့်နားက jungwon လေးကိုပဲမြင်နေတော့ သူ့မျက်နှာတွေနီရဲလာတယ်
jeongsong - ပြေ.ပြေတော့ပြေသလိုပါပဲ မေမေ
jeongsong mom လည်း သူ့သားတယောက်တော့သွားရှာပြီလို့တွေးလိုက်ပြီး jungwon လေးကိုကြည့်လိုက်တယ်
သူတောင်ပြုံးမိသွားတဲ့အထိအဲ့ကလေးလေးကချစ်ဖို့တော်တော်ကောင်းတယ်
မုန့်ကိုမြိုမချပဲငုံထားတဲ့ထိုကလေး ပါးလေးကလည်းဖောင်းနေရော လက်ကလည်း အရုပ်လေးတရုပ်ကိုဖက်ထားရလွန်းတော့ ချွေးလေးတွေတောင်စို့နေပြီ
jeongsong mom - won လေး စားကောင်းရဲ့လား
သူမမေးလိုက်တော့ အကုန်လုံးကသူ့ဆီအကြည့်ရောက်သွားတယ်
အဲ့တော့မှ ကြောင်တောင်တောင်လေးပြန်ကြည့်ပြီး သူ့ကိုပြန်ဖြေဖို့ မုန့်တွေကိုမြန်မြန်ဝါးစားနေတဲ့ ကလေးလေး
အရမ်းစားတော့ သီးပြီပေါ့ ရင်ဘတ်လေးကိုထုပြီး ဖြစ်နေတာလေးကလည်းချစ်စရာလေး
jeongsong မှာတော့ သူ့ရှေ့ကကြောင်လေးက တခုပြီးတခုလုပ် သူ့နှလုံးသားကလည်း တခါပြီးတခါခုန်တာမြန်လာတယ်
jungwon mom လည်း သူ့သားကိုကျောကိုပွတ်ပေးရင်း ဖြေးဖြေးစားလို့ပြောနေလေရဲ့