Chapter 34.1 : ​ပြောင်းပြန်ဖြစ်သွားတယ်

Start from the beginning
                                    

မိုင်နဲ ရှဲ့စန်း၏ ခန္ဓာကိုယ်မှ သူ့မျက်လုံးကို ခွာလိုက်သည်။ သူ မတ်မတ်ထိုင်​နေ​ပေမယ့် သားရဲပုံစံရဲ့ ပြောင်းလဲမှုကို မြင်သောအခါ သူ့နောက်ကျောသည် သစ်ပင်ရဲ့ ပင်စည်မှ ကွာသွားလေသည်။ သူ ခေါင်းကို အချိန် အတော်ကြာအောင် ငုံ့ထားပြီး​နောက် ရှဲ့စန်းရဲ့ လက်ကောက်ဝတ်ကို လှမ်းဆွဲကာ ကိုင်ထားလိုက်သည်။ ရှဲ့စန်း သူလက် ကိုင်ထားကို ငြိမ်​နေလိုက်သည်။  သူရဲ့ ကော်လာကို လွှတ်လိုက်ပြီး သူ့အဝတ်အစားများဖြင့် သူ့သားရဲပုံစံကို ဖုံးကွယ်ထား​စေလိုက်သည် ။

မိုင်နဲ မော့ကြည့်လာတော့ သူ့မျက်နှာမှာ ထိန်းမနိုင်သိမ်းမရ စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေပြီး သူ့လက်ချောင်းတွေတောင် ကြည်နူးမှုနဲ့ အနည်းငယ် တုန်နေသည်။

ရှဲ့စန်း နားမလည်သော်လည်း ဒါက ဘာကိုဆိုလိုသည်ကို သူသိသည်။ မိုင်နဲရဲ့ ဆက်နွယ်သားရဲ က ဧရာမ ခြင်္သေ့သားရဲ မဟုတ်တော့ဘဲ ခြင်္သေ့ပျံ သားရဲဖြစ်သွားသည်။ Aအဆင့် မှ Sအဆင့် သို့ ပြောင်းလဲသွားခဲ့သည်။

မိုင်နဲ အရမ်း​ပျော်​​နေတာ အံ့သြစရာ​တော့ မဟုတ်​​ပေ။

ရှဲ့စန်း ပြုံးလိုက်သည်။ မိုင်နဲရဲ့ ဆက်နွယ်သားရဲ က နောက်ဆုံးတွင် စာအုပ်ထဲက အတိုင်းပင် ဖြစ်သည်။ အဲဒါနဲ့ ပတ်သက်ပြီး သူ စိတ်ရှုပ်နေစရာမလိုတော့​ချေ။

မကြာခင်မှာပင် သူ့အပြုံး က စိုးရိမ်မှုဖြင့် အစားထိုးလာသည်။ အခု သူသိထားတဲ့အရာ​တွေက စာအုပ်ထဲကအတိုင်းပဲ ဆိုရင်.... မိုင်နဲ အ​ကြောင်း က ? စာအုပ်ထဲကအတိုင်း မ​ကောင်းတဲ့ဘက် ​ပြောင်းသွားမှာလား?

မိုင်နဲက သူ့ပုံစံကို မြင်ပြီး ရှဲ့စန်း က သူ့ကို စိတ်ပူ​နေတယ်လို့ တွေးလိုက်သည်။ သူ ရှဲ့စန်းရဲ့ ပခုံးကို ပုတ်လိုက်ပြီး သူနေကောင်းကြောင်း အချက်ပြရန် ပေါ့ပါးသော အပြုံးဖြင့် ခေါင်းခါပြလိုက်သည်။

ရှဲ့စန်း သည် အဆိပ်သင့်​နေ​သော မိုင်နဲရဲ့ မျက်နှာကို ကြည့်ရင်း အတင်း ပြုံးပြလိုက်သည်။ ပုခက်ထဲမှာ သတ်ဖို့ အကြံအစည်ကို မလုပ်နိုင်​​တော့ဘူး။ သူက မိုင်နဲကို မ​ကောင်းတဲ့ဘက် မ​ပြောင်း​အောင် ​စောင့်ကြည့်​နေရုံပဲ တတ်နိုင်​တော့သည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now