"ပါးပါး သူသူကြောက်ရယ်"
ရနံ့တို့ကို အခန်းတခုထဲပို့ပြီး ပြန်ထွက်သွားကြတာနဲ့ သူသူလေးရဲ့အသံတိုးတိုးလေးထွက်လာတော့တယ်
"Daddyက ပါးပါးတို့ကိုခနနေ လာခေါ်တော့မှာ သူသူလေးမကြောက်နဲ့တော့နော်"
"ဟိုလူဆိုးကြီးကို daddyကရိုက်မှာရား"
"ရိုက်ပြစ်မှာပေါ့"
ရနံ့ သူသူလေးကို မကြောက်အောင် စကားတွေပြောပေးနေပင်မယ့် ရနံ့လည်းကြောက်နေမိသလို ဒေါသလည်းထွက်နေမိတယ်
ရနံ့မိဘတွေကို ရက်ရက်စက်စက်သတ်ခဲ့တဲ့လူ ရနံ့ ကိုမိဘမဲ့ဖြစ်အောင်လုပ်တဲ့သူ ရနံ့မိသားစုကိုခုထိဒုက္ခပေးတဲ့သူကို ရနံ့အရမ်းကို ဒေါသတွေထွက်နေမိတယ် ပြီးတော့ darlingအဖိုး ဘာလို့များ အဲလောက်ထိလုပ်ရပ်ရတာလဲ ရနံ့နားမလည်နိုင်ဘူး ရနံ့ကိုလက်မခံနိုင်တာ နားလည်ပေးလို့ရပင်မယ့် သမီးလေးက သမီးလေးက သူ့သွေးသားပဲလေ
ရနံ့ သမီးလေးအကြောက်ပြေအောင် ကျောလေးကိုပွတ်ပေးနေလိုက်တော့ သမီးလေးက မျက်လုံးလေးတွေစင်းလာတော့တယ်
ဒိုင်း
ဒိုင်း
ဒိုင်း
အပြင်ဖက်မှာသေနတ်သံတွေကြားလိုက်ရတာကြောင့် မျက်လုံးလေးတွေစင်းနေတဲ့ သူသူလေးက ရနံ့ကိုအတင်းဖက်တက်လာတော့တယ်
"ပါးပါး ကြောက်ရယ်"
"ပါးပါး"
"မကြောက်နဲ့ ပါးပါးရှိတယ်လေ"
"ပါးပါးရှိတယ်နော် သမီးလေး"
လွှမ်းရိပ်တို့ ကားက အချက်ပြစက်ကညွှန်ပြတဲ့နေကာကောက်ခါနီးတာနဲ့ ကားတွေရပ်လိုက်ပြီး ကားပေါ်ကနေ ဖြည်းဖြည်းချင်းဆင်းလာလိုက်တော့တယ် နဖူးပေါ်မှာ အထူးညကြည့်မှန်ပြောင်းတွေတပ်ထားပြီး လက်ထဲမှာ သေနတ်ကို အသင့် ကိုင်ထားလိုက်တော့တယ်
YOU ARE READING
babies လေးတို့ရဲ့ daddy babies လေးတို့ရဲ့ daddy
Romanceရိုးရိုးရှင်းရှင်းလေးတွေ့ဆုံမှုတွေ များပင်မယ့် ကိုယ်တို့ရဲ့တွေ့ဆုံမှုတွေက babiesလေးတွေနဲ့အစပြုတယ် ရိုးရိုးရှင်းရှင်းလေးတွေ့ဆုံမှုတွေ များပင်မယ့် ကိုယ်တို့ရဲ့တွေ့ဆုံမှုတွေက babiesလေးတွေနဲ့အစပြုတယ်