အခန်း(37)

16.9K 1.1K 30
                                    

"Babiesတို့ကို ကြိုရအုံးမယ်​"

ကား​ပေါ်​ရောက်​တာနဲ့ လွှမ်းရိပ်​ကိုကြည့်​ပြီးတိုးတိုး​လေး​ပြောလာတဲ့ honey​လေး

"အွန်း"

"Babiesတို့က အံ့​​အော်​​ပြီး ​ပျော်​​နေ​တော့မှာပဲ မနက်​က darlingကိုမ​တွေ့လို့​မေး​နေကြတာ"

"ကိုယ်​​ပျော်​တယ်​ သိလား"

"ဗျာ"

"ကိုယ့်​honey​လေးက ကိုယ့်​ကိုယုံတယ်​​ပြောလို့ ကိုယ်​အရမ်း​ပျော်​​နေတာ ​ကျေးဇူးတင်​ပါတယ်​ ကိုယ့်​အသဲ"

ရနံ့ရဲ့ လက်​တစ်​ဖက်​ကို ခပ်​ဖွဖွနမ်းလိုက်​ပြီး နဖူးကို နမ်းလိုက်​​တော့တယ်

"​ရှေ့မှာ ရမ်​ရှိတယ်​​လေ"

"ကိုယ့်​​ယောက်​ကျားကိုနမ်းတာ ဘာ​တွေရှက်​စရာရှိလို့လဲ honeyရဲ့"

"Darlingကလဲ"

"Babiesတို့နဲ့ ရုပ်​ရှင်​သွားကြည့်​ကြမလား"

"Babiesတို့က ရုပ်​ရှင်​ရုံမှာ ငြိမ်​ငြိမ်​​နေပါ့မလား"

"သူတို့ကြိုက်​တဲ့ power rangerကားပြရင်း ကိုယ်​တို့က ရုပ်​ရှင်​ရုံdateမယ်​​လေ"

"အွန်း darling သ​ဘော"

"ဒါနဲ့ honey"

"ဗျာ"

"Honeyမိဘ​တွေနဲ့ ပက်​သက်​ပြီး ကိုယ့်​ကို တကယ်​ယုံကြည်​ရဲ့လား"

လွှမ်းရိပ်​စကား​ကြောင့်​ honey​လေးက လွှမ်းရိပ်​ပါးနှစ်​ဖက်​ကို သူ့လက်​ဖဝါး​သေး​သေး​လေးနဲ့ ဆုပ်​ကိုင်​လာပြီး

"ဒီ​လောကတခုလုံးမှာ honeyအယုံကြည်​ဆုံးက darlingတစ်​​ယောက်​ပဲရှိတယ်​ darlingနဲ့ ပက်​သက်​ပြီး honeyယုံကြည်​တာတခုက darlingက honeyနဲ့ babies​လေးတို့ကို ဘယ်​​တော့မှထိခိုက်​​အောင်​ လုပ်​မှာ မဟုတ်​ဘူးဆိုတာပဲ"

လွှမ်းရိပ်​ honey​လေးကို ဘာမှမ​ပြောနိုင်​​တော့ပဲ ရင်​ခွင်​ထဲကိုဆွဲထည့်​ထားလိုက်​​တော့တယ်

"​ကျေးဇူးပါ honey​လေး ကိုယ့်​ကိုယုံကြည်​​ပေးတာ​ကျေးဇူးပါ"

ရမ်​ ကား​နောက်​ခန်းကmasterတို့အတွဲကိုကြည့့်ပြီး ​ပျော်​​နေမိ​တော့တယ်​ သူကိုလည်း ဂျိန်းစ်​က အရာအားလုံးယုံကြည်​​ပေးပြီး ချစ်​​ပေးရင်​ ဘယ်​​လောက်​​ကောင်းလိုက်​မလဲ​နော်

babies လေးတို့ရဲ့ daddy babies ​လေးတို့ရဲ့ daddyWhere stories live. Discover now