"ငါ နင့်အတွက် ကလဲ့စား ချေပေးရမလား"
"ဟင်"
ရုတ်တရက် ကြားလိုက်ရသည့် စကားသံကြောင့် အလန့်တကြား ဘေးဘီဝဲယာသို့ ရှာဖွေလိုက်သည်။ အနည်းငယ် အုံ့မှိုင်းနေသော ပတ်ဝန်းကျင် အခြေအနေကြောင့် အလင်းသိပ်မရှိသည့် သူမ၏အခန်းကျဥ်းလေးထဲ မည်သူမျှရှိမနေပါ။
"ငါက နင့်ရှေ့မှာလေ.. ဘယ်တွေလျှောက်ကြည့်နေတာလဲ"
ထပ်မံကြားလိုက်ရသည့် စကားသံကြောင့် သူမရှေ့ရှိ မှန်ထဲကို ကြည့်မိတော့
"နင် နင် "
မြင်လိုက်ရသည်က သူမ၏ပုံရိပ်။ သို့သော် သူမ ဟု တထစ်ချပြောဖို့ပင် ခက်ခဲလှသည်။ ရုပ်ရည်က ချွတ်စွပ်တူနေပါသော်လည်း အသွင်အပြင် ပုံစံတွေက တခြားစီသာ။ အထူးသဖြင့် အားငယ်နေသည့် မျက်ဝန်းတွေအစား စူးရဲနေသည့် ခပ်ထန်ထန်အကြည့်များနှင့်အတူ စူးရှထက်မြတ်နေသည့် စကားသံများ။
"ဘာလဲ အံ့သြသွားတာလား
မအံ့ဩပါနဲ့ ငါက နင်ပဲလေ.. နင်ကငါပဲလေ.. ဘာထူးဆန်းစရာလိုလို့လဲ ချောစုသွယ်""ငါ ငါ "
ဤအနေအထားက ကျောချမ်းချင်စရာကောင်းလှပါသော်လည်း သူမ ထွက်မပြေးမိ။ အလန့်တကြားဖြင့် အပြင်သို့ ပြေးထွက်သင့်ပါသော်လည်း အပြင်တွင်ရှိနေသည့် မေမေက မှန်ထဲရှိ အသက်ဝင်နေသည့် သူမထက် ပို၍ကြောက်စရာကောင်းမှန်း သူမသိထားသည် မဟုတ်လား။
"ကဲ လိုရင်းပဲ သွားကြရအောင်
ငါ ကူညီပေးရမလား ""ဘာ ဘာကိုလဲ"
"ဧကရီ တို့ကိုလေ
နင်မကျေနပ်ဘူးမလား
ကြည့်ပါအုံး နင့်ရဲ့လက်မောင်းတွေကို "ပုံရိပ်က ပြောလာမှ သူမ၏ လက်ရှည်အောက်မှ လက်မောင်းသားကို ထုတ်ကြည့်မိသည်။
အညိုအမဲစွဲနေသည့်အပြင် ကုတ်ရာခြစ်ရာများက လှပလွန်းသည့် သူမ၏အသားအရည်ပေါ်ဝယ် အကျည်းတန်ဆန်နေလှ၏။
"ငါ နုံအလွန်းလို့တဲ့
ဧကရီ ငါ့ကို လုပ်လိုက်တာ""ငါ သိတယ်
ဒါကြောင့် ငါပြောနေတာပေါ့
ငါကူညီပေးရမလားလို့"
YOU ARE READING
ညစ်နွမ်းနွမ်း ဒိုင်ယာရီ
Short Storyလူတစ်ယောက်ရဲ့ စိတ်ကူးယဥ်ဆန်မှုတွေနဲ့ ခံစားချက်တွေကို စာရွက်တွေပေါ် ချရေးလိုက်တဲ့အခါ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းပေါင်းများစွာ ဖြစ်ပေါ်လာလေရဲ့။ ထိုဇာတ်လမ်းပေါင်းများစွာကို တစ်နေရာထဲ စုစည်းလိုက်တဲ့အခါ ပုံပြင်ကောင်းတစ်ပုဒ် ဖြစ်လာနိုင်ခဲ့မယ်ဆိုရင်...
ကြည့်မှန် (Mirror)
Start from the beginning