ကြည့်မှန် (Mirror)

29 6 1
                                    

(Unicode)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(Unicode)

ကြည့်မှန် (Mirror)

မှန်ထဲမှာ မြင်နေရတဲ့ သူမကိုယ်သူမ သိပ်ကိုအားမရပေ။

ကြည့်ပါအုံး... ပျော့ညံ့နေလိုက်ပုံများ.. မျက်ရည်စီးကြောင်းတွေကလည်း အလိမ့်လိမ့်နဲ့။

ဒီချစ်စရာကောင်းတဲ့ မျက်နှာလေးက သူမရဲ့ အားနည်းလွန်းတဲ့၊ ပျော့ညံ့လွန်းတဲ့ စိတ်တွေကြောင့်ပဲ အရောင်တောက်မလာလေသလား။

တကယ်ကို မတွေးချင်မိတာပါ။

မုန်းတယ် ။ အားလုံးကို မုန်းတယ် ။ ညနေရောက်လာတိုင်း မူးရူးပြီး ဆူပူကြိမ်းမောင်းတတ်တဲ့ ဖေဖေ့ကိုလည်း မုန်းတယ် ။ ဖေဖေ့ကို မတွန်းလှန်ရဲတိုင်း သူမကို အပြစ်မရှိ အပြစ်ရှာ ဆံပင်ဆောင့်ဆွဲတတ်တဲ့ မေမေ့ကိုလည်း မုန်းတယ် ။ အားလုံးထဲမှာ အမုန်းဆုံးကတော့ အမြဲတမ်း အနိုင်ကျင့်စော်ကားတတ်တဲ့ သူမတို့အတန်းက ဧကရီဆိုတဲ့ သူဌေးသမီးလေးကိုပဲ။

သူ့ကိုယ်သူ မင်းသမီးလေးတစ်ပါးလို ထင်မြင်နေပြီး သူမကို သူတို့ရဲ့အစေခံလို သဘောထား၊ အနိုင်ကျင့်တတ်တဲ့ ဧကရီတို့တစ်ဖွဲ့လုံးကို မုန်းတယ် ။

ဤအရာတွေသည် ၁၃ နှစ်အရွယ် ကောင်မလေးတစ်ယောက် ကျောင်းမှ ပြန်လာသည့်အခါတိုင်း  ပေါက်ကွဲနေကျ စကားသံတွေသာ။ ဤအချိန်ဆိုလျှင် အမေဖြစ်သူ မီးဖိုခန်းထဲတွင် အလုပ်ရှုပ်နေတတ်သည်မို့ သူမအတွက် သီးသန့်အချိန် ဖြစ်လို့နေသည်။

စကားသံအဖြစ်တော့ အပြင်သို့ မထွက်ရဲခဲ့။ မှန်ကိုကြည့်ရင်း စိတ်ထဲကနေသာ ပေါက်ကွဲခဲ့ရသည်။ အလုံးစုံတော့ စိတ်တွေပြေပျောက်မသွားသော်လည်း အနည်းအကျဥ်းတော့ စိတ်ဒဏ်ရာသက်သာရပါသည်။

ညစ်နွမ်းနွမ်း ဒိုင်ယာရီWhere stories live. Discover now