"ဟုတ်သားပဲငါ့ညီရာ အမြဲဘာတွေစိတ်အလိုကျဖြစ်နေတာလဲပြောစမ်းပါအုံး"အကိုလတ်ဖြစ်သူMin Yoongiမှပါဝင်ပြောလိုက်ခြင်း

"ကျွန်တော်ကအမြဲဒီလိုပဲနေတတ်တာကိုအကိုတို့လည်းသိရဲ့သားနဲ့"

Jinနဲ့Yoongiမှာတော့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာခေါင်းသာခါနေကြတယ်

"ကဲပါထားပါတော့အလုပ်ရောအဆင်ပြေကြရဲ့လား"ခုမှသူတို့စကားဝိုင်းထဲကိုစဝင်လာတဲ့အဖေဖြစ်သူ...

"Companyကသူ့နေရာနဲ့သူအားလုံးအဆင်ပြေပါတယ်အဖေ"

Jinရဲ့အဖြေကိုအဖေဖြစ်သူကခေါင်းသာငြိမ့်ပြလိုက်တယ်

"တော်ပြီလားသားလေး"

စားပွဲမှထသွားရန်ဟန်ပြင်နေသောသားငယ်အားသူမ မေးလိုက်တယ်

"တော်ပြီမေ ကျွန်တော်Companyမှာကိစ္စလေးရှိလို့"

"နေအုံးလေကွာhyungတို့နဲအတူသွားမယ်လေhyungကားကဝပ်လျှော့ပို့ထားလို့"

"ကျနော်အရေးကြီးကိစ္စရှိလို့hyungတို့နောက်မှအေးဆေးလိုက်ခဲ့ကြပါ ကျွန်တော်သွားပြီ"

"အမလေးဒီ ကိုတော်ချောကတော့သူ့ကားလေးလိုက်စီးတာကိုဘာဖြစ်မှာကျနေတာပဲ"

"တော်ပါတော့သားကြီးရယ်သားညီလေးအကြောင်းလည်းသိရဲ့သားနဲ့သားလတ်နဲ့ပဲသွားလိုက်နော်"

"ကျနော်ကCompanyမသွားသေးဖူးကိစ္စရှိလို့တစ်နေရာသွားအုံးမှာhyungစောင့်နိုင်ရင်လိုက်ခဲ့"ဟုပြောကာထထွက်သွားသောကိုအချေတော်ကြောင့်အကိုကြီးဖြစ်သူမှနောက်ကခါးထောက်ကာ...

"မင်းတို့နဲ့လိုက်တော့ပါဖူး အချေတော်နှစ်ကောင်ရဲ့ကိုယ့်ဟာကိုယ်ပဲTaxiငှားသွားတော့မယ်"

Be With You💛Where stories live. Discover now