~ 6 ~

804 111 17
                                    

[Unicode]

" နမူနာမေးခွန်းပုံစံကို ကိုယ်emailက တစ်ဆင့်
ပို့ပေးမယ် ... အချင်းချင်း ပြန်မျှဝေလိုက်ကြ ၊
နားမလည်တာရှိရင်လည်း အချိန်မရွေးလာမေးပါ "

" ဟုတ်ကဲ့ပါ ပရော်ဖက်ဆာ "

မကြာမှီ‌ရက်သတ္တပတ်အတွင်းမှာ ကျင်းပတော့မည့်
ဟန်နွန်းတက္ကသိုလ်၏ သရုပ်ပြ(နည်းပြ) ရာထူးစာမေးပွဲကို ဝင်ရောက်ဖြေဆိုကြမည့် ဌာနမှဘွဲ့လွန်ကျောင်းသားများအား သင်ခန်းစာပို့ချပေးနေခြင်း ။
သူကျောင်းသားဘဝကတည်းကပင် စီးပွားစီမံဌာနဟာ ဟန်နွန်းမှာ စာမေးပွဲစည်းမျဉ်းအတင်းကြပ်ဆုံးနှင့် ကျရှုံးမှုအများဆုံး ဌာနတစ်ခုအဖြစ် အစဉ်အလာရှိခဲ့သည် ။
ထို့ကြောင့်လည်း ကျောင်းသားတော်တော်များများက
စီးပွားစီမံဆို ဝေးဝေးရှောင်ကြသည် ။
အလုပ်ဝင်လျှောက်ရန်လည်း ခက်လွန်းသော ဌာနကြီးထဲကတစ်ခုဖြစ်၍ ဘွဲ့လွန်ကျောင်းသားများပင် လူဦးရေအနည်းငယ်သာရှိသည် ။


" ပရော်ဖက်ဆာ ...ဟို ကျွန်မတို့နဲ့ နေ့လည်စာအတူလိုက်စားပါလားဟင်

အတန်းချိန်ပြီး၍ ကွန်ပျူတာကိုပြန်သိမ်းနေစဉ်
စကားလာပြောသော ကျောင်းသူများကြောင့်
လုပ်လက်စတို့ရပ်၍ လှည့်ကြည့်လိုက်သည် ။
၎င်းတို့၏ စာတမ်းများကို ကူညီပေးဖြစ်နေ၍ အနည်းအကျဉ်းမျှသာရှိသော ဘွဲ့လွန်ကျောင်းသားများကို မျက်မှန်းတန်းမိနေပြီ ။

မျက်နှာငယ်လေးတွေနှင့် မရဲတရဲတောင်းဆိုနေကြသော ကျောင်းသားများကိုကြည့်၍ မငြင်းဆန်ရက် ။ အေးအေးဆေးဆေးနေလိုသည့် ကိုယ့်ပင်ကိုအကျင့်တစ်ခုကြောင့်နှင့်တော့ ရင်းနှီးမှုရယူချင်‌နေသော ကျောင်းသားတို့၏ မျှော်လင့်ချက်ကို မရိုက်ချိုးနိုင်ခဲ့။ နောက်ပြီး တစ်ချိန်ချိန်မှာ ကိုယ့်လက်ထောက်ဖြစ်လာနိုင်သည့်သူတွေဖြစ်တာကြောင့် ကိုယ့်ဦးဆောင်မှုနောက်မှာ စိတ်ကျဉ်းကျပ်စွာအလုပ်လုပ်ကိုင်ရတာမျိုးတွေ မဖြစ်စေချင် ။
ကိုယ်တိုင်ကလည်း ပရော်ဖက်ဆာတစ်ယောက်ဖြစ်လာဖို့ သူတို့လေးတွေလို ဂျူတာဘဝမှစကြိုးစားခဲ့ရသူမို့ ၊ တရင်းတနှီးနှင့် သိပ်အရောတဝင်မနေဖြစ်သော်ငြား စီနီယာတစ်ယောက်အနေဖြင့် ဖေးဖေးမမနှင့် တတ်နိုင်သလောက် လက်တွဲခေါ်ပေးသည် ။

FALLING Where stories live. Discover now