"တီ…တီ…!"

ဆိုင်ကယ်ဟွန်းသံကြားတော့ မိုးစစ်ဟန်က
"ဒါဆို သွားခွင့်ပြုပါဦး။"

ထွက်ခွာသွားသည့် ဆိုင်ကယ်လေးကိုကြည့်ရင်း စိတ်ထဲမတင်မကျဖြစ်နေမိသည်။ ထို့နောက် ကျွန်တော့်ဘေးတွင် မိုးစက်က လာရပ်ကာ
"ကိုကိုနဲ့ အသိလား။"

"အင်း … ကျောင်းကစီနီယာ"

"သြော်… စာရှင်းပြတာ တော်လိုက်တာ။"

"မိုးစက်!"

"ဟင်…ဟင် ကိုကို…ဘာလဲ"

"နင်သူ့ကို မကြိုက်သွားနဲ့နော်"

"ဟာ ..ကိုကိုကလည်း ဘာကိစ္စကြိုက်ရမှာလဲ"

"အေးပြီးမှ ငါရှုပ်ရှုပ်ယှက်ယှက်တွေ မကြားချင်ဘူး။"

ထိုစကားက ကျွန်တော့်ညီမလေးအတွက်ပြောတာ မဟုတ်မှန်း နောက်ပိုင်းမှာ ပိုသေချာသွားပါသည်။
ကျွန်တော်က အစကတည်းက ကိုစစ်အပေါ် မရိုးသားစိတ်ကို ညီမလေးအတွက် ပါ ဆိုသောခေါင်းစဉ်နှင့် ပြည့်ဖုံးကား ချထားမိတာ။

၂၇.၁၀.၂၀၁၉

A/N- ဖျားနေလို့၊ update နောက်ကျနိုင်ပါတယ်ဗျ။ Take Care Guys.

°°°°°°°°°°°

Zawgyi


Part(2) ဦးဆောင်လမ်းပြ

“ကမ္ဘာကြီးကကျဉ်းကျဉ်းလေးဆိုပေမဲ့ ငါတို့အတွက်တော့ ဝေးနေရဦးမယ်…
  ကမ္ဘာကြီးကကျဉ်းကျဉ်းလေးဆို‌ပေမဲ့ ငါတို့ ခုထိ မတွေ့တာ ဘာကြောင့်လဲ…
  ကမ္ဘာကြီးကကျဉ်းကျဉ်းလေးဆိုပေမဲ့ ငါအခုနင့်ရဲ့အရိပ်တောင် ရှာဖို့မလွယ်…
  ကမ္ဘာကြီးကကျဉ်းကျဉ်းလေးဆိုပေမဲ့ ခုံတန်းဟောင်းလေးက ငိုနေရတယ်…”

ကား soundbox မှ ပျံ့လွင့်လာသော နန်းဆုဦး၏ ‘လွမ်းနေရဦးမယ်’ ဆိုသော သီချင်းလေးက ကားမောင်းနေသူ ကျွန်တော့် စိတ်တွေကို ခင်ဗျားဆီ လွင့်စေခဲ့သည်။ သီချင်းသံကို နားထောင်ဖို့ စိတ်အစဉ်မရှိတော့တာကြောင့် ကျွန်တော် လှမ်းပိတ်လိုက်သည်။ ကမ္ဘာကြီးက ကျဉ်းတယ်လို့ ဘယ်ကောင်က ပြောခဲ့တာပါလိမ့်။ ကမ္ဘာကြီးသာကျဉ်းရင် ကျွန်တော် ခင်ဗျားကို တွေ့သင့်နေပြီ မဟုတ်လား။ ကမ္ဘာကြီးက တကယ်ပဲကျဉ်းတယ် ဆိုရင်တော့ ခင်ဗျားက အပုန်းကောင်းနေတယ်ပဲ ဆိုရမလား။ ကျွန်တော်ကတော့ ကမ္ဘာကြီးက ကျဉ်းတယ်ဆိုသည့် အဆိုကို မနှစ်မြို့ပါ။ ကမ္ဘာက ကျယ်ပါသည်၊ သို့သော် ကျွန်တော်တို့နှစ်ယောက်စာ နေရာလေးတစ်နေရာကို မဝေမျှနိုင်ကြပါဘူး။

OPPOSITE { Edited Version } Where stories live. Discover now