အပိုင်း (39. 1)

Start from the beginning
                                    

'' စာကြည့်ခန်းထဲက စကားပြောတာကို မင်းကြားခဲ့တာလား? ''

ဟန်ကျွမ်းချွမ်က တက်နိုင်သမျှ ညင်သာတဲ့ လေသံလေးနဲ့ မေးလိုက်တယ်။

အန်းမူက ခေါင်းငြိမ့်လိုက် ပြီးတော့ ဟန်ကျွမ်းချွမ်ကို တစ်ခဏ ကြည့်လိုက်တယ်။ ဒီလောက် အင်အားကြီးတဲ့ လူက ဘာကြောင့် သေသွားရတာ လဲ ဆိုတာကို အန်းမူ နားမလည် တော့ ပါပေ။

'' မင်းလေး က ဘာမေးချင်နေတာလဲ? ''

ဟန်ကျွမ်းချွမ်က လူကို အိပ်ယာပေါ်ကို ထိုင်စေလိုက်တယ်။ ပြီးတော့ စောင်လေးခြုံပေးကာ အန်းမူကို စောင်ခြုံပေးထား ရင်းနဲ့ပဲ ဖက် ထားလိုက်တယ်။

အန်းမူက အနည်းငယ် ငိုသံလေး ရောကာ ဖွင့်ဟပြီး မေးလိုက်တယ်။

'' ခများက ဘာလို့ သေသွားခဲရတာလဲ? ''

ဟန်ကျွမ်းချွမ်က သက်ပြင်းချလိုက်တယ်။ သူ့ရဲ့ပြန်မွေးဖွားလာမှုကို ဘယ်သူ့ကိုမှ မပြောဘူးလို့ သူတွေးခဲ့တာ။ ဒါပေါ့ လောင်ဟီတုန်ကတော့ မတော်တဆ တစ်ခုပေါ့လေ။

အတိတ်ဘဝ အကြောင်းကို ပြန်ပြောဖို့ဆိုရင် ရှင်းပြရမယ့် ကိစ္စတွေက အများကြီး ရှိတယ်။ ပြီးတော့ ရှုပ်ထွေးမှုတွေနဲ့ ညှိမှာ ဖြစ်ပြီတော့ တစ်ချို့အရာတွေ ကတော့ ဒီဘဝမှာ ပြောင်းလဲ ကုန်ပြီပဲ ဖြစ်လေတယ်။ ဟန်ကျွမ်းချွမ်က အရင်ဘဝက အတွေ့အကြုံတွေကြောင့် အခုဘဝမှာ မမြင်ချင်တဲ့သူ တော်တော်များများကို ရှောင်ရှားနိုင်ခဲ့တာကြောင့် သူက အဲ့အကြောင်းကို ရိုးရိုးရှင်းရှင်းပဲ မပြောချင်ပါပေ။

ဒါပေမယ့် သူ့ရဲ့ နှလုံးသားထဲမှာ နေရာမြင့်တက်လာပြီ ဖြစ်တဲ့ သူ့အိုမီဂါလေးက မေးလာခဲ့တယ်လေ။ ထိုဟာတွေကို ဘယ်လောက်ပဲ ရှင်းပြဖို့ ရှုပ်ထွေးနေပါစေ ဟန်ကျွမ်းချွမ်က သူ့ကိုစိတ်ရှည် လက်ရှည်နဲ့ အကုန်လုံးပြောပြ နေခဲ့တယ်။

အိပ်ယာဘေးက စာကြည့်မီးအိမ်ရဲ့ အလင်းရောင်က သူတို့အပေါ်ကို ဖြာကျနေပြီးတော့ အန်းမူရဲ့ လက်ထဲမှာ တစ်သျှူးဘူး ကိုင်ထားကာ ဟန်ကျွမ်းချွမ် က ပြောပြတိုင်း တစ်သျှူးတစ်ရွက် ဆွဲထုတ်ကာ သူ့မျက်ရည်တွေ ကို သုတ်လေတယ်။ ဒါပေမယ့်လဲ အခုထိ မျက်ရည်က ကျနေဆဲပါပဲ။

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now