အပိုင်း (12)

4.1K 537 7
                                    

[Unicode] (12)

၇ ရက်ဆိုတဲ့ အချိန်ကာလက နှေးတယ်လို့လဲ ပြောလို့မရသလို မြန်တယ်လို့လဲပြောလို့မရပါပေ။ စစ်တပ်ဆီမှ ပြစ်မှုရဲ့ အချိန်အပိုင်းအခြား ကာလပြီးဆုံးပြီ ဖြစ်ကြောင်း အသိပေးစာပို့လိုက်တဲ့ အချိန်မှာပဲ ဟန်ကျွမ်းချွမ်က အထုပ်အပိုးတွေ ကို ချက်ချင်း ကောက်သိမ်းကာ စစ်ဌာနချုပ်ကနေ အမြန်ထွက်လာခဲ့တော့တယ်။ စစ်ဌာနချုပ်ထဲကနေ ထွက်တဲ့အချိန် ခဏလေးအတွင်းမှာပဲ သူ့ဘဝတစ်သက်စာလောက် ကြာသွားတယ်လို့တောင် ထင်မိလေတယ်။

စစ်ဌာနချုပ်က ဝင်ထွက်ပေါက်တစ်ခု ဆီတိုင်းက ကိုယ်ရေးအချက်အလက် တွေကို တင်းတင်းကြပ်ကြပ်စစ်ဆေးတာကြောင့် အနည်းငယ်တော့ ကြာနေလေတယ်။ ဟန်ကျွမ်းချွမ်လည်း သူ့ကားကိုမောင်းကာ စစ်ဌာနချုပ်ဂိတ်ကို ဖြတ်ပြီးတဲ့အချိန်မှာတော့ အထဲထဲက တစ်ယောက် ယောက်ကသူ့ကို ကြည့်နေတယ်ဆိုတာကို မသဲမကွဲနဲ့ မြင်လိုက်တယ် ။

ဒီနေ့ နေက အတော်လေး ပူနေတဲ့အတွက်ကြောင့် လူတိုင်းက အတော့်ကိုစိတ်အာရုံတွေ ထွေပြားနေခဲ့ကြတယ်။ ညီးတွားတာမျိုး မလုပ်တက်တဲ့ ဟန်ကျွမ်းချွမ်လို လူမျိုးတောင်မှပဲ သူ့ကားထဲကနေ ထွက်ပြီးဒီတိုင်းသာ လမ်းလျောက်ပြန်ချင်စိတ်တွေ ပေါ်လာတော့တယ်။ ဘာလို့လဲဆိုတော့ သူ့အနေနဲ့ သူများတွေလို ညီးတွားမနေပဲ အိမ်ပြန်ဖို့သာစိတ်စော နေလို့ပဲ ဖြစ်လေတယ် ။

ဒါပေမယ့် လမ်းထောင့်လေး တစ်နေရာအရောက်မှာ တံခါးအပြင်မှာ ရပ်နေတဲ့ပုံရိပ်လေး တစ်ခုကို ရုတ်တရက်  သူတွေ့သွားခဲ့လေတယ်။ သူ့ရဲ့ ခေါင်းက ဘာကိုမှ မတုံ့ပြန်နိုင်ခင်မှာပဲ ခြေထောက်က လီဗာပေါ်နင်းပြီးတော့ ထိုနေရာဆီကို သွားနေပြီပဲဖြစ်တယ်။ ဂိတ်မှာအစောင့်ကျနေတဲ့ စစ်သားတွေက စစ်တပ်သုံးယာဥ်ကို တွေ့လိုက်ရတဲ့အခါမှာတော့ ချက်ချင်း ဖယ်ပေးလိုက်ပြီး အလေးပြုလိုက်ကြတယ်။ ကားထဲကလူကတော့ ကားကိုရပ်ကာ အေးစက်စွာနဲ့ပြောလိုက်တယ်။

" ကားပေါ်တက်''

ထိုကောင်လေးက ကြောင်တောင် တောင်လေး ဖြစ်သွားပြီးမှ ခြေလက်အတိုလေးတွေနဲ့ကားပေါ်ကို ကုတ်ကပ်တက်လိုက်တော့တယ်။

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now