Ep 3

6 0 0
                                    

စူပါကနေအပြန် အဆောင်ဂိတ်အပေါက်ဝမှာ သေမိမင်းသား က အစောင့်ဦးလေးကြီးနဲ့နှုတက်ဆက်စကားပြောနေတာနဲ့တိုးတာပဲ။အခုကြတော့လည်း သေမိမင်းသား မဟုတ်တဲ့အတိုင်းပဲ ပြုံးတောင်ပြုံးနေသေးတယ် ကိုယ် လည်း ဦးလေးကြီးကိုပြုံးပြနှုတ်ဆက်ပြီးတော့ သူ့ဘက် ကိုပါလှည့်ပြီးပြုံးပြလိုက်သည်။ ကိုယ်ကသူ့လို ချေမနေတဲ့အတွက်ကြောင့် အရင်ပြုံးပြလည်းကိစ္စမရှိဘူးမလား။ ဒါပေမယ့် မနက်ကျရင်အနောက်ကနေ နေထွက်မလား မသိဘူး ကိုယ့်ဘက်ကိုကြည့်ပြီးပြန်ပြုံးပြနေတယ် ဆိုတော့။
ဦးလေးကြီးကိုနှုတ်ဆက်ပြီးအပေါ်ထပ်တက်ရန် ဓါတ် လှေခါးဆီသို့လျှောက်လာခဲ့တော့ သူလည်းအတူတူ  လျှောက်လာခဲ့သည်။အဲတော့ကိုယ်ကပဲမနေနိုင်သူ့ကိုစကားစ လိုက်သည်။

"တစ်နေရာရာကနေပြန်လာတာလား"

"ဟုတ်တယ် နေသားနည်းနည်းကျအောင်လို့ နည်းနည်း ပတ်ကြည့်တာ"

"အဆင်ပြေလား အခုမှရောက်တာဆိုတော့ နေရထိုင်ရတာ အသားမကျသေးပေမယ့် တစ်ပတ်နှစ်ပတ်လောက်ဆို အဆင်ပြေသွားမယ်လို့ ထင်တယ်"

"Maybe! ဒါနဲ့ ကျွန်တော်တစ်ခုအကူညီတောင်းလို့ရမလား"

"ရတယ်ပြောလေ"

"ရုံးခန်းကဆရာမကပြောတယ် ရပ်ကွက်ရုံးမှာစာရင်းသွားပေးရမယ်ဆိုလို့ ရပ်ကွက်ရုံးကိုဘယ်လိုသွားရမလဲ"

"ရပ်ကွက်ရုံးနဲ့အဆောင်နဲ့ကရထားသုံးဘူတာလောက် တော့စီးသွားရတယ် ဘယ်နေ့သွားမှာလဲ ကျွန်တော်လိုက် ပေးရမလား"

"ရပါတယ် တိမ်ယံလည်းအတန်းတက်စရာရှိတယ်မလား မနက်ဖြန်ရုံးမပိတ်ခင်ကျွန်တော်သွားကြည့်မယ်။ ရုံးက ငါးနာရီအထိလား"

"ရပါတယ် Jason နဲ့ကျွန်တော်ကအတန်းတူတူပဲဟာ ကျွန် တော်လိုက်ပေးလို့ရပါတယ်"

"ကျေးဇူးတင်ပါတယ်။"

"ကျေးဇူးတင်စရာမလိုပါဘူးဗျာ၊ ကိုယ့်မြန်မာအချင်း ချင်းပဲဟာ သူငယ်ချင်းလိုပဲပေါ့ဗျာ"

"ဟုတ် ပြီးတော့ကျွန်တော့်မြန်မာနာမည်က ရောင်ကြယ် စင်ပါ ဒါကြောင့်မို့ Jason ဆိုတာကိုမခေါ်ချင်ရင် မြန်မာလို ခေါ်လို့ရပါတယ်"

REFLECTION Where stories live. Discover now