Ep 1

11 0 0
                                    

HANEDA International Airport ကဆိုက်ရောက်နေရာမှာ ပစ္စည်းတွေနဲ့ ကိုယ်တစ်ယောက်တည်းယောက်ယက် တွေခတ်နေတယ် ပထမအကြိမ်ဒီမြေကိုခြေချတာဆိုပေ မယ့် ကြိုဆိုသူမဲ့နေတဲ့ကိုယ့်ကိုကိုယ်လည်း အားငယ်စိတ် တွေဘာတွေဖြစ်မနေခဲ့ဘူး ငယ်ငယ်ကတည်းကနေအခုအရွယ်ထိ ကိုယ့်ကိုကိုယ်အားကိုးတတ်အောင်နေလာခဲ့မိလို့လည်းဖြစ်နိုင်တယ်။ ကိုယ်လို introvert သမားတွေအတွက်ဆို ပိုပြီးတော့တောင် ကိုယ့်အားကိုယ်ကိုးတတ်  အောင်နေတတ်လာခဲ့တယ် တစ်ခြားသူတွေနဲ့ ရင်းနှီးမှုရအောင်လုပ်တဲ့နေရာမှာတော်တော်လေးမကောင်းပါကိုယ့် ဘာသာကိုယ် တစ်ယောက်တည်းနေတတ်တဲ့အတွက် ကြောင့်လည်းဖြစ်မှာပါ။

လေဆိပ် အပြင်ကိုထွက်လာပီး အရင်ဆုံး သွားရမယ့်ခရီးအတွက်စီးရမယ့် ရထားကို ကြေငြာဘုတ်ပေါ်သေချာ ကြည့်ပီး စီးရမယ့်အချိန်နဲ့ဘယ်ရထားကိုစိးရမယ်ဆိုတာ ဖုန်းနဲ့ဓါတ်ပုံရိုက်လိုက်တယ်။ ရထားစီးရမယ့် platform ကိုသေချာရှာပြီး ရထားလာမယ့်အချိန်ကိုစောင့်နေလိုက် သည်။ ချယ်ရီမြေလား ဆူရှီမြေလား anime မြေလား​ဆိုတာ ကိုယ့်အတွက်တော့ဘာမြေဖြစ်မှန်းမသိသေးဘူး ချယ်ရီမြေလို့ခေါ်ရအောင်လည်း ကိုယ်ကချယ်ရီကို ခရေစီဖြစ်တဲ့သူမဟုတ်သလို ဆူရှီကိုလည်း စားလို့မဖြစ် anime ဆိုတာလည်းသူများတွေပြောနေတဲ့ဟာကို ကြားဖူးနားဝတော့ရှိခဲ့လောက်သာ အဲတော့ကိုယ့်အတွက်ကတော့ ဒီဂျပန်မြေက ဘာမြေဖြစ်လာမလဲဆိုတာကို စောင့်ကြည့် ရဦးမယ်ထင်တယ်။

အတွေးတွေတောင်စဉ်ရေမရဖြစ်နေတုန်းမှာပဲ ရထားရဲ့announcement ကရထားလာတော့မှာဖြစ်တဲ့အတွက် ကိုယ့်အတွက် ready ဖြစ်အောင် ပစ္စည်းတွေသေချာစစ် ကြည့်ရသေးတယ်။ ဒီနိုင်ငံမှာက လုံခြုံမှုက အားကောင်းတဲ့နိုင်ငံတစ်နိုင်ငံမှာပါဝင်တဲ့အတွက် နည်းနည်းတော့ စိတ်သက်သာမှုဖြစ်စေတယ်ဆိုတဲ့ မာတာမိခင်ရဲ့စကားကိုလည်း ပြန်လည်ကြားယောင်မိလိုက်သေးတယ်။ ရထားပေါ်ကိုပစ္စည်းတွေသေချာထားပြီး နေရာတကျထိုင်ဖို့လုပ် လိုက်သည် တော်သေးတယ် airport ကိုဆွဲတဲ့ရထားဖြစ် တဲ့အတွက်ကြောင့် မြို့ပတ်လိုမဟုတ်တာကို တော်သေး တယ် မဟုတ်ရင် ပစ္စည်းတွေနဲ့က လွယ်မှာမဟုတ်ဘူး။ရထားကလည်းကျည်စံ ရထားဆိုတဲ့အတိုင်း အရှိန်အဟောင်နဲ့ခုတ်မောင်းနေသလို ကိုယ့်စိတ်အစဉ်ကလည်း ပြေးလွှားနေလိုက်တော့တယ် ငယ်ငယ်တုန်းကကတည်းက ၁၀ နှစ်အရွယ်လောက်မှာကတည်းက မြန်မာပြည်ကနေ ထွက်ခွာခဲ့ပြီး အမေရိက မှာ အဖေ့ရဲ့လုပ်ငန်းအခြေနေအရ ဟိုမှာအခြေချဖြစ်ခဲ့တာ အခုချိန် အသက် ၂၁ နှစ်ရောက်တဲ့အထိပဲ။ အဖေကတော့ သူ့စီးပွားရေးနဲ့ ပတ်သက်နေရတဲ့နိုင်ငံမှန်သမျှကို သွားလိုက်ပြန်လိုက်လုပ် နေရပေမယ့် အမေနဲ့ကိုယ်ကတော့ အမေရိကမှာပဲကိုယ့်ရဲ့ ပညာရေးအခြေနေအတွက်နဲ့ အဲမှာပဲအချေချခဲ့တာ အခုတော့ အဖေကလည်း မြန်မာပြည်မှာပဲ လုပ်ငန်းအထိုင်ပိုများလာတော့အမေကတော့ အသက်လေးလည်းရလာတော့ ဘုရားတရားတွေလည်းပိုလုပ်လို့အဆင်ပြေအောင် ဆိုပြီး ကိုယ့်ရဲ့အမိမြေကို ပြန်လည်အခြေချကြတယ်။

REFLECTION Where stories live. Discover now