အခန်း(၅၅)

Start from the beginning
                                    

အရာအားလုံး၏ မူလအစမှာ ယဲ့ရှန်းကောဟူသည့် ပုဂ္ဂိုလ်တစ်ဦးထံမှ ဆင်းသက်လာခြင်းသာ။

ဝမ်ရွှမ်သည် နှုတ်ခမ်းကို  ဖိကိုက်ထားပြီး နှ
လုံးသားထဲ၌ ထုံမွှမ်းနေသော နာကျင်မှုကို ခံ
စားနေရသည်။သူတော်စင် သခင်ယဲ့....ထိုအ
မည်နာမကို လွန်ခဲ့သော နှစ်ပေါင်းများစွာက
တည်းက ကြားဖူးပြီး ထိုပုဂ္ဂိုလ်၏ သေဆုံးမှုအတွက် စိတ်မကောင်းဖြစ်ခဲ့ဖူးသော်လည်း ဤမျှလောက် နာကျင်မှုကိုဖြင့် ယခုမှ ပထမဆုံးအကြိမ် ခံစားမိခြင်းဖြစ်သည်။

တစ်ချိန်တုန်းက သူသည် ထိုပုဂ္ဂိုလ်ဟာ သူနှ
င့် အလွန် အလှမ်းဝေးသူ တစ်ဦးဟုသာ ထင်
မှတ်ခဲ့သည်။သူတို့နှစ်ဦး သို့နှယ် ရင်းနှီးကြလိမ့်မည်ဟု တစ်ခါလေးမှတောင် မတွေးမိခဲ့ပေ။သူတို့နှစ်ဦးသည် ဆရာနှင့်တပည့်ဖြစ်ရန် အကြောင်းပါလာသည်အထိ ရေစက်ဆုံခဲ့လိမ့်မည်ဟုလည်း မတွေးမိခဲ့ချေ။သူ့ကိုယ်ထဲတွ
င် ချိတ်ပိတ်ထားသော နတ်မိစ္ဆာစွမ်းအင်နှင့် ကျင့်ကြံခြင်းနည်းလမ်း.....အရာအားလုံးသ
ည် ယဲ့ရှန်းကောဟာ သူ၏ အနာဂတ် တပည့်လေးအတွက် ကြိုတင်ပြင်ဆင်ခဲ့ခြင်းပင်။

သို့သော် ယဲ့ရှန်းကောဟာ မြို့ငယ်လေးဆီသို့ ပြန်မလာနိုင်ခဲ့ပေ။ဆရာတပည့် ကံကြမ္မာသ
ည်လည်း'ဖြစ်လုနီးပါး'ဟူသော စကားလုံးဖြင့်သာ အဆုံးသတ်သွားရလေတော့သည်။

"အဲ့ဒီလိုတွေ ဖြစ်ခဲ့တာပဲ"

ဝမ်ရွှမ်သည် ထိုစကားတစ်ခွန်းကို ထပ်ခါတလဲလဲ ရေရွတ်လျက် နှလုံးသားထဲမှ ပူဆွေးသောကကို ဖယ်ရှားနေသည့်နှယ်။

ထို့နောက် ကျန်းရီ၏ ပုခုံးပေါ်မှ ခွာ၍ မတ်တ
ပ်ရပ်ခဲ့သည်။

"ရှုစ်ရှုန်း ၊ကျွန်တော်တို့ ပြန်တော့မှာလား?"

ဝမ်ရွှမ်က ခေါင်းညိတ်ပြ၏။ကျန်းရီသည် ဝမ်ရွှမ့်ပုံစံကို မြင်ရလျှင် မတတ်နိုင်ရကား စိုးရိမ်သွားခဲ့သည်။

"အဆင်ပြေရဲ့လား?"

ဝမ်ရွှမ်က ပြုံးပြလျက် မြို့ငယ်လေး ရှိရာသို့ အကြည့်လွှဲလိုက်သည်။

"ငါ မပြန်ချင်ခဲ့တဲ့ တစ်ခုတည်းသော အကြော
င်းအရင်းက သူတို့ကို ဘယ်လို ရင်ဆိုင်ရမှန်း မသိခဲ့လို့"

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now