ကုတင်ပေါ်မှ အတင်းကာရောဆင်းပြေးတာကြောင့်
Nurseကောင်လေးတွေသည် Jiminအား
အတင်းချုပ်ကာ ဆေးထိုးခြင်းကိုပြုလုပ်ခဲ့သည်။

" အား...သေပါပြီ...!! "

ငိုနေခြင်းသည်မရပ်မနားမို့ nurseတွေလဲ
ချွေးပြန်နေသည်။

" ပြီးပြီ..ပြီးပြီ ...တိတ်တော့..."

ဆရာဝန်သည်ထို့နောက် Jiminရဲ့
ခြေထောက်ကို ကိုင်ကာ ကြည့်ရှု၍နှိပ်နယ်
နေခဲ့သည်။

" အ့...အ့..နာတယ်.."

" နာသေးလား.."

" နာ..နာတယ်.."

ဆရာဝန်ကြီးသည် စိတ်ရှည်ရှည်နဲ့ပင်
သေချာဂရုစိုက်ကုသပေးသည်။

" ဟို...ကျွန်တော့်ကို...ဖုန်းလေးခနလောက်
ပေးဆက်ပါလား... ဖုန်းမပါလာလို့...."

ဘေးတွင်ရပ်နေသော nurseတစ်ယောက်ဆီမှ
ဟန်းဖုန်းကိုခနငှားကာ ဖုန်းနံပါတ်တစ်ခုကို
နှိပ်ခေါ်ခဲ့သည်။
အလွတ်ကျက်မှတ်ခဲ့ဖူးသည့် တစ်ခုထဲသော
ဖုန်းနံပါတ်ပင်ဖြစ်သည်။

" Hello..."

" ဘယ်သူလဲကွ... ဒီအချိန်ကြီး..."

" ငါ...ငါပါ..."

ဒီအသံသည် ဘယ်အချိန်ဘယ်နေရာပဲ
ရောက်ရောက်မှတ်မိနေမည့်တစ်ခုတည်းသော
ဘော်ဒါကြီးJiminအသံ။

" ဘယ်သူ့ဖုန်းကြီးလဲ...မင်းဖုန်းကိုတနေကုန်
ငါခေါ်လို့လဲမရဘူး.."

" ငါ...ငါ..အခု...ဆေးရုံမှာ..."

Yoongiအိပ်နေရာမှ ထထိုင်မိသည်၊
စနောက်နေသည့်အသံမျိုးမဟုတ် ငိုမဲ့မဲ့အသံမျိုး၊

" ဘယ်ဆေးရုံလဲ..."

ဆေးရုံနာမည်ကိုမေးကာ ချက်ချင်းပင်
ထိုဆေးရုံဆီသို့ Yoongiထွက်လာခဲ့သည်။

" ဘာဖြစ်တာလဲ...ဘယ်လိုဖြစ်တာလဲပြော...? "

" ဆေးထိုးရတယ်...ငါ...ငါ့ကိုဆေးထိုးကြတယ်...!"

ပြောရင်းနဲ့ပင် ကိုယ်တော်ချောကငိုချလာပြန်တာကြောင့်
ဆရာဝန်နဲ့Nurseတွေပါ ထိုင်ငိုချင်နေပြီဖြစ်သည်။

" မငိုနဲ့တော့နော်.... ငါအခုရောက်တော့မယ်.."

" ဂရုစိုက်မောင်းဦး...ပြီးတော့မြန်မြန်လာ.. "

အရှင် ( season 2 )Hikayelerin yaşadığı yer. Şimdi keşfedin