Chapter (85)

Mulai dari awal
                                    

ရှန်းချိုက်လည်း ရယ်ရမလား၊ ငိုရမလားတောင် မသိတော့ပေ။ "အခုက အသက် ၂၀ ကျော်ကို  ကလေးပဲဆိုတော့ ကျွန်တော် အသက် ၃၀ လောက်ရောက်သွားရင်ရော ကလေးပဲဖြစ်နေဦးမှာလား??"

"မင်းအသက် ၃၀ လောက်ဆို ကိုယ်က အသက် ၄၀ လောက်ရောက်နေပြီ" အမျိုးအစားကွဲပြားသော ခေါင်းလျှော်ရည်နှစ်ဗူးကို စစ်ဆေးနေရင်း ထန်ယီမင်က ပေါ့ပေါ့ပါးပါးတုံ့ပြန်သည်။ "ကိုယ်က မင်းထက်အသက်ကြီးတော့ ကိုယ့်မျက်လုံးထဲမှာ မင်းက အမြဲတမ်းကလေးလေးဖြစ်နေမှာပဲ"

"..."

ရှန်းချိုက်လည်း တိတ်ဆိတ်သွားကာ ရုတ်တရက် ရှေ့သို့ပြေးသွားပြီး ထန်ယီမင်၏ခါးကို အနောက်ဘက်မှ တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်ကာ ထိုအမျိုးသား၏ကျောပေါ်တွင် ခေါင်းမှီထားလိုက်သည်။

ထန်ယီမင်က အနည်းငယ်လန့်သွားပြီး သူ့ခါးပေါ် ရှိလက်လေးကို ဆုပ်ကိုင်လိုက်ကာ ပွတ်သပ်ချော့မြူလိုက်ပြီး "ကိုယ်မင်းကို ကလေးလေးလို့ပဲ ပြောရသေးတယ်၊ အခုတော့ တကယ့်ကလေးအသေးလေးလိုမျိုး ဖြစ်နေပြီပေါ့ဟုတ်လား"

ရှန်းချိုက်က သူ့မျက်နှာလေးကို အဝတ်အစားများနှင့်ဖုံးကွယ်လိုက်ပြီး "... ဘာလဲ၊ ခင်ဗျားကမကျေနပ်ဘူးလား??"

"မဟုတ်ရပါဘူး " ထန်ယီမင်က "အိပ်ရာထဲမှာသာ ကိုယ့်ကို ဒီထက့်ပိုပြီးမြူဆွယ်မယ်ဆိုရင်တော့.... အိုင်းယိုး... အား.. ကိုယ်တကယ်နာနေပါပြီ၊ မဆွဲပါနဲ့တော့"

နွေဦးပွဲတော်နီးကပ်လာသည်နှင့်အမျှ မိတ်ဆွေအချင်းချင်း နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားများ ဖလှယ်ကြလေသည်။

ထန်ယီမင်၏မိုဘိုင်းလ်ဖုန်းမှာ တစ်ရက်လျှင် နှစ်သစ်ကူးနှုတ်ခွန်းဆက်မှု ဒါဇင်ပေါင်းများစွာကို လက်ခံရလေ့ရှိပြီး အားလုံးသည်လည်း အချင်းချင်း တစ်ဆင့်ပြီးတစ်ဆင့် ကူးထည့်ထားကြခြင်းဖြစ်သည်။ တချို့လူများဆို နှုတ်ခွန်းဆက်ပို့မည့်လူနာမည်ကို ပြောင်းလဲဖို့တောင် မေ့သွားကြသေးသည်။

ထန်ယီမင်ကတော့ ဖွင့်ကြည့်ဖို့တောင် စိတ်မ၀င်စားပေ။ သူ့ WeChat မက်ဆေ့ချ်ဘောက်စ်ရှိ အကြောင်းကြားချက်လိုဂိုသည် ဂဏန်းလေးလုံးလောက်အထိ မြင့်တက်နေပြီဖြစ်သည်။ သူ့ဖုန်းဖန်သားပြင်ရှိ ထိုအနီရောင်တောက်တောက်အသိပေးချက်သင်္ကေတများကြောင့် မဆီမဆိုင်ရှန်းချိုက်တောင် တစ်ချက်ကြည့်လိုက်ရုံဖြင့် OCD ရောဂါရတော့မလိုတောင် ခံစားရသည်။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Tempat cerita menjadi hidup. Temukan sekarang