Episode (10)(Uni/Zaw)

Start from the beginning
                                    

အကုန်လုံးမှာ ချက်နှင့်လက်နှင့်ထောက်ပြသွားသော မမရွှန်းစကားအကြား တစ်ယောက်မှတောင်ခွန်းတုံ့မပြန်နိုင်တော့။

‌အိမ့်အိမ့်ဖူးကတော့ ထိုအခြေအနေကိုမကျေမနပ်ဖြင့်...
လေးစိုင်းရှစ်ပါလေး အိမ့်အိမ့်; ဘာနေနေ အကုန်လုံးကထင်ကြေးပဲရှိပါသေးတယ်...ငယ်ကချစ် အနှစ်တစ်ရာတဲ့ လေးနဲ့စိုင်းကြားက ချစ်ခြင်းတရားကိုဘယ်သူမှမခွဲနိုင်ပါဘူး...ဒါကြောင့် ဘယ်သူဘာပြောပြော လေးစိုင်းကသာ ထာဝရRealပဲ ....

ရာဇ်စိမ်းရှစ်ပါလေးအရွှန်း;ညောင်ရွှေသူကတော့ တကယ်ဖင်ပိတ်ငြင်းတဲ့နေရာမှာဆရာတစ်ဆူပဲနော်...ကိုယ့်ကိုကိုယ်လည်းစစ်ဆေးကြည့်ဦး အပိတ်လွန်ပြီး အပေါက်ရှိသေးလားလို့...

Gpထဲက လူများအားလုံး စကားတတ်လွန်းသည့်မမရွှန်းစကားအကြားမှာ တအုန်းအုန်းဖြင့် ပွဲကျသွားကြသည်။အပြောခံရသည့် အိမ့်အိမ့်ဖူးမှာလည်း စိတ်မဆိုးနိုင်ဘဲ ရယ်မိသည်။

အကုန်လုံးEmojiများပလူပျံနေအောင် စခွီထနေသော်လည်း တိတ်ဆိတ်နေသော တစ်ယောက်ရှိလေရာ...

သက်စုနှင်းလေးဗိုက်မဝသေးပါ; ဟို မမကြယ် တိတ်ဆိတ်လှချည်လား...စိတ်မကောင်းမဖြစ်ပါနဲ့...သက်စုတို့က ဒီတိုင်းထင်ကြေးလေးတွေနဲ့စနေကြတာပါ...သိတယ်မလား သက်စုတို့က တိုင်ပါတာမြင်ရင်ကိုshipချင်နေကြတာမို့လေ ဟီးဟီး...စိတ်ထဲမထားနဲ့နော်....

ရာဇ်ရာဇ်လေးရဲ့မဟေသီ; ရပါတယ် ကြယ် စိတ်ထဲမထားပါဘူး...ချည် ဇာတ်ကားထဲကလိုပေါ့ မောင့်ကိုချစ်တဲ့လူတိုင်းကိုကြယ်ချစ်နိုင်ပါတယ်...မောင်က ချစ်တဲ့လူတိုင်းကိုလည်းချစ််နိုင်ပါတယ်ပေါ့....ဒါကြောင့် ရာဇ်ရာဇ်လေးက လေးညှို့စိမ်းနဲ့အကြောင်းပါခဲ့ရင်တောင် လေးညှို့စိမ်းကို ကြယ့်အိမ်ဦးနတ်လေးလို လင်ယောင်္ကျားလေးလို ချစ်ပေးမှာပါ...

Gpထဲကလူများ; ခဏတာမျှတိတ်ဆိတ်သွားပြီးနောက် အကုန်လုံးပြိုင်တူတွေးလိုက်မိသည်က Gp chatများပေါက်ကြားသွားပါက သူတို့အကုန်လုံး သေနေ့စေ့ပြီဆိုတာကိုပင်ဖြစ်သည်။

🦋🦋🦋

ကုန်ကားတွေစထွက်တော့ လေးညှို့က ကားစီးလျှင် ပြတင်းပေါက်ဘက်ထိုင်ရတာကြိုက်သဖြင့် ဘေးကို နေရာယူလိုက်သည်။ကားမောင်းသူနှင့်သူ့ကြားက လွတ်နေသည့်နေရာ‌တွင်တော့ ဟိုနှစ်ယောက်ထိုင်မည်ဖြစ်၍ ကပ်‌နိုင်သလောက်ဘေးကိုကပ်ကာ အိတ်ကိုရင်ခွင်ထဲထည့်ပြီး လက်ပိုက်ထားလိုက်သည်‌။ လေးညှို့ကားစီးရတာ သဘောမကျပေ။အမြဲတမ်းမဟုတ်ပေမယ့် တစ်ခါတစ်လေ ကားမူးသည့်အချိန်များရှိသည်။မြို့ထဲဆို တစ်နေရာနှင့်တစ်နေရာသွားလျှင် ကားကျပ်သည်နှင့် တော်တော်နှင့်မရောက်၍ စိတ်ကျဉ်းကျပ်၊စိတ်မရှည်သဖြင့် ကားမစီးပေ။နယ်တွေ ပရဟိတကိစ္စဖြင့်သွားလျှင် အတတ်နိုင်ဆုံး လေဝင်လေထွက်ကောင်းသည့်နေရာမှာပဲထိုင်ဖြစ်သည်။သိပ်မဝေးလျှင် ငစိုင်းနှင့် ဆိုင်ကယ်ဖြင့်လိုက်လေ့ရှိသည်။

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋(Ongoing)Where stories live. Discover now