Carousel စီးပြီးတာနဲ့ Roller Coaster ရှိရာသွားကြတယ်။ Carousel မှာထက် Roller Coaster စီးမယ့်သူပိုများလို့ အတော်ကြာအောင်စောင့်လိုက်ရတယ်။

Roller Coaster ကတဖြည်းဖြည်းချင်းကနေ မြန်သွားလိုက်တာ ဘေးပတ်ဝန်းကျင်ကအရာတွေက ရိပ်ခနဲ ရိပ်ခနဲ ကျန်ခဲ့တယ်။ အပေါ်မြင့်တက်သွားရာက ဝှေ့ခနဲဝိုက်ကျသွားလိုက်၊ ပြန်တက်သွားလိုက်နဲ့ အသည်းကအေးခနဲ အေးခနဲ။ ရင်တလှပ်လှပ်နဲ့ အသည်း​ယား​စရာ​။

Roller Coaster ကတဖြည်းဖြည်းချင်းကနေ မြန်သွားလိုက်တာ ဘေးပတ်ဝန်းကျင်ကအရာတွေက ရိပ်ခနဲ ရိပ်ခနဲ ကျန်ခဲ့တယ်။ အပေါ်မြင့်တက်သွားရာက ဝှေ့ခနဲဝိုက်ကျသွားလိုက်၊ ပြန်တက်သွားလိုက်နဲ့ အသည်းကအေးခနဲ အေးခနဲ။ ရင်တလှပ်လှပ်နဲ့ အသည်း​ယား​စရာ​။

Hoppla! Dieses Bild entspricht nicht unseren inhaltlichen Richtlinien. Um mit dem Veröffentlichen fortfahren zu können, entferne es bitte oder lade ein anderes Bild hoch.

"အားးးးးးးးးးးးးးး ကိုကိုရေရရရရရရရရရရရ"
ဒါက ဝမ်ရိပေါ်ရဲ သာယာစွာသီကျူးနေတဲ့ အသံလေးပါ။

Roller Coaster စီးပြီးတော့ ဝမ်ရိပေါ်က ရင်ဘက်လေးဖိလို့ လမ်းမလျှောက်နိုင်တော့ဘူး။
"ဟင်းးးးးးး~~~~~" လို့  ညည်းလာတော့ ရှောင်းကျန့် ရင်ထဲထိတ်သွားရတယ်။ ဝမ်ရိပေါ်မှာ နှလုံးအားနည်းရောဂါရှိတာ သူမေ့နေတာပဲ။ ဒီနှစ်တွေမှာလည်း ဝမ်ရိပေါ်က နှလုံးရောဂါဖြစ်တာမတွေ့တော့ သူလည်း သတိပေါ့လျော့သွားတာပဲ။ ဝမ်ရိပေါ်ကို အနားမှာရှိတဲ့ ခုံတန်းလေးဆီကိုတွဲခေါ်လာပြီး ထိုင်ခိုင်းလိုက်တယ်။

" ဝမ်လေး~~ ဘာဖြစ်လို့​လဲ~~?"

ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ စိုးရိမ်ပူပန်နေတာတွေ့တော့ ဖျော့ဖျော့လေးပြုံးပြလိုက်တယ်။ လက်လေးကာပြပြီး
"ဘာမှ~~ မဖြစ်ပါဘူး၊ နည်းနည်းမောသွားတာ~~"

တစ်ကယ်တော့ ဝမ်ရိပေါ်က အမြင့်ကြောက်တတ်တယ်။ ဒါပေမယ့် သူငယ်ချင်း​တွေက စီးနိုင်ပြီး သူ မစီးနိုင်ဘူးလို့မပြောချင်ဘူး။ သူလည်းစီးကြည့်ချင်တယ်။ ပြီးတော့ ကိုကိုလည်းရှိတယ်။ သူ.... ပျော်တယ်။ ပြောရမယ်ဆိုရင် ဒါကသူတို့ရဲ့ first date ဆိုလည်းဟုတ်တယ်။

ချစ်ရည်းစားထားချင်တယ်(Complete)Wo Geschichten leben. Entdecke jetzt