" အေး လှလှလေးပြင်ခဲ့နော် "
ရေချိုးတာနဲ့ အလှပြင်လိုက်တာ ၆နာရီခွဲသွားတယ်
Party ဆို သူများတွေက ဂါဝန်ဝတ်ပေမယ့်ကိုယ်ကတော့ စတိုင်ဘောင်းဘီရှည်အဖြူနဲ့ အကျီလက်ရှည် အဖြူ ဝမ်းဆက်ကို ဝတ်ထားတယ် အလှပြင်တယ်သာပြောတာ cream နည်းနည်းနဲ့ လိုရှင်းလေးပဲလူးဖြစ်တယ် ဆရာမကိုသွားခေါ်ရမယ်ဆိုတာမေ့နေတာ မြန်မြန်လုပ်ရမှာ
" ဟေ့ ငါလေ ဆရာမကိုသွားကြိုလိုက်အုံးမယ်နော် "
" အေးအေး သွားသွား ချစ်ရသူလေးကိုသေချာသွားကြိုခဲ့ "
" နင်တို့ကလည်း ငါ့အမေကြားမယ်ဟ "
တီ တီ တီ
" လာပြီ သမီးရေ "
အလျင်အမြန်လေး ပြေးထွက်လာတဲ့ ဆရာမက အတော်ကိုလှတယ် ရုတ်တရက်အသက်ရှုရပ်သွားသလို ခံစားရတယ်
" လာဆရာမ တက်ပါ အော် ဒါနဲ့ ဆရာမလင်းရော "
" သူက ကျောင်းကိစ္စနဲ့နေပြည်တော်သွားရတာလေ အာကြောင့်မလိုက်ဖြစ်ဘူး ဆရာမ အဆင်ပြေရဲ့လားဝတ်ထားတာ "
" ပြေတာပေါ့ ဆရာမကို အမြဲ ဝမ်းဆက်နဲ့တွေ့နေရလို့လားမသိဘူး ဆရာမက အခုလို့ ဂါဝန်ရှည်လေးနဲ့ကျ ချစ်စရာလေး ဆိုးထားတဲ့ နှုတ်ခမ်းနီလေးကလည်းရဲ နေတာပဲ ဂါဝန်အနီလေးနဲ့လိုက်တယ် ဆံပင်ကို ချထားပါလား "
" မချတော့ပါဘူး နောက်မို့ဆို ဆရာမ မထင်ဘဲ သူငယ်ချင်းထင်နေမယ်
မွေးနေ့လက်ဆောင် ပေးရအုံးမယ် "
" ဆရာမကလည်း မပေးပါနဲ့ သမီးလိုချင်တာတစ်ခုပဲရှိတာ ပေးနိုင်မလား "
" ဘာလဲ "
" ဆရာမရဲ့ .... ဘာမှမဟုတ်တော့ပါဘူး "
" ဒါဆို မျက်လုံးမှိတ်ထား "
" ဟုတ် "
😘 ဆရာမက ကိုယ့် နဖူးကိုလာနမ်းတယ် ဆိုတော့ ချက်ချင်း မျက်လုံးပြန်ဖွင့်မိသွားတယ်
YOU ARE READING
စည်းကျော်ခဲ့သောချစ်ခြင်း
Short Story" တို့အတွက် တားမြစ်ထားတဲ့ တံတိုင်းတွေကို ဖြတ်ကျော်နိုင်မလား ဟင် "
Part 27 Unicode
Start from the beginning
