love letter

187 5 0
                                    

💌တစ်ချိန်က အချစ်ဦးလေးရေ💕

လွမ်းနေမိတဲ့ ကျောင်းတော်ကြီးကို ခြေချမိတော့ အလွမ်းတွေပိုဆင့်လာပြန်တယ်
ဂျူနီယာလေးတွေရဲ့ ဇာတိမာန်သီချင်းဆိုသံကြားတော့ ရီမိလိုက်တယ်
မလွမ်းပါဘူးလို့ ညာချင်ပေမယ့်
Assemblyကွင်းကိုကြည့်မိတော့ အတိတ်ကမြင်ကွင်းတွေက ရုပ်ရှင်အနှေးပြကွက်လိုပဲ
ကျွန်တော်လဲတစ်ချိန်က Assembly ကွင်းမှာလူစုရင်း တစ်စုံတစ်ယောက်​ကြောင့် ရင်ခုန်ခဲ့ဖူးတယ်
Assemblyစီရင် အပျော်ဆုံးအချိန်ပေါ့
သူမသိအောင် သူ့ကိုခိုးကြည့်ရင်း ပျော်ရွှင်မှုတွေဖြစ်တည်လာတယ်
အကိုမသိခင်အချိန်ထဲက ကျွန်တော့်ရဲ့ပျော်ရွှင်ခြင်းဟာ အကိုသာဖြစ်ခဲ့ပါတယ်
မေ့ဖို့ကြိုးစားပေမယ့် လွမ်းနေဆဲပါပဲ
လေညှင်းလေးကသယ်ဆောင်လာတဲ့ ဇာတိမာန်သီချင်းလေးကိုတီးတိုးလိုက်ဆိုနေမိရင်း အဖြစ်အပျက်တွေကမနေ့တနေ့ကလိုပဲ
ဒီအမှတ်တရတွေကို ပြန်မရနိုင်တော့မယ့် အတိတ်ဟောင်းများလို့ခေါင်းစဥ်တပ်လိုက်တယ်
အကိုရော သတိရနေပါဦးမလား?????💌

Zawgyi👇👇👇

💌တစ္ခ်ိန္က အခ်စ္ဦးေလးေရ💕

လြမ္းေနမိတဲ့ ေက်ာင္းေတာ္ႀကီးကို ေျခခ်မိေတာ့ အလြမ္းေတြပိုဆင့္လာျပန္တယ္
ဂ်ဴနီယာေလးေတြရဲ႕ ဇာတိမာန္သီခ်င္းဆိုသံၾကားေတာ့ ရီမိလိုက္တယ္
မလြမ္းပါဘူးလို႔ ညာခ်င္ေပမယ့္
Assemblyကြင္းကိုၾကည့္မိေတာ့ အတိတ္ကျမင္ကြင္းေတြက ႐ုပ္ရွင္အေႏွးျပကြက္လိုပဲ
ကြၽန္ေတာ္လဲတစ္ခ်ိန္က Assembly ကြင္းမွာလူစုရင္း တစ္စုံတစ္ေယာက္​ေၾကာင့္ ရင္ခုန္ခဲ့ဖူးတယ္
Assemblyစီရင္ အေပ်ာ္ဆုံးအခ်ိန္ေပါ့
သူမသိေအာင္ သူ႕ကိုခိုးၾကည့္ရင္း ေပ်ာ္႐ႊင္မႈေတြျဖစ္တည္လာတယ္
အကိုမသိခင္အခ်ိန္ထဲက ကြၽန္ေတာ့္ရဲ႕ေပ်ာ္႐ႊင္ျခင္းဟာ အကိုသာျဖစ္ခဲ့ပါတယ္
ေမ့ဖို႔ႀကိဳးစားေပမယ့္ လြမ္းေနဆဲပါပဲ
ေလညွင္းေလးကသယ္ေဆာင္လာတဲ့ ဇာတိမာန္သီခ်င္းေလးကိုတီးတိုးလိုက္ဆိုေနမိရင္း အျဖစ္အပ်က္ေတြကမေန႕တေန႕ကလိုပဲ
ဒီအမွတ္တရေတြကို ျပန္မရနိုင္ေတာ့မယ့္ အတိတ္ေဟာင္းမ်ားလို႔ေခါင္းစဥ္တပ္လိုက္တယ္
အကိုေရာ သတိရေနပါဦးမလား?????💌

☀My Spring☀Where stories live. Discover now