"အင်း...လမ်းကတော့ကြုံပေမဲ့...
သိပ်မသောက်ပါနဲ့လားကွာ..."

"နည်းနည်းပါပဲ.....
ငါ..ငါ လူတစ်ယောက်ကို မေ့ချင်တယ်...
မေ့ချင်တယ်လို့...မေ့ချင်လို့သောက်တာ...
ငါမမှားဘူး...ငါပြောသလိုသာ ပို့ပေးပါ...."

"အေးပါဟာ...ပို့ပေးမယ်..."

"ဖြူစင်...‌ကမ်းနား ဘက်မှာ တစ်ချက်ရပ်ပေးမယ်..."

"ဟုတ်ကဲ့...."

ကမ်းနားဘက်မှာ ကားရပ်ပြီး...
တီချယ်နဲ့ လဝန်းက စကားပြောကြတယ်...
ဖြူတော့..ဝင်မပါခဲ့ပါဘူး....

"မင်းဘာဖြစ်လို့ ဒီလိုတွေ လုပ်နေရတာလဲ...
မနက်ဖြန် ရန်ကုန်သွားမှာကကော..မင်း မလိုက်သွားဘူးလား...."

"ဟိုရောက်ရင်လည်း စာမေးပွဲကျမဲ့အတူတူ ဒီမှာပဲနေတာ ကောင်းမယ်ထင်လို့ပါ..."

"ငါအခုမင်းကိုပြောနေတာ...ငါ့ တပည့် တ‌စ်ယောက်အနေနဲ့ မဖြစ်သင့်တာ မဖြစ်ရလေအောင်
ဆုံးမနေတာ...ငါ့မှာ ဘာသဘောမှ မပါဘူးနော်..."

ပြောသာ ပြောတာပါ...သက် တကယ်ပဲ ကလေးငယ်ကိုအချစ်ပိုနေတုန်းပဲ...ကလေးငယ်မရှိတဲ့နေ့တွေမှာ
စားမဝင် အိပ်မပျော်ဖြစ်နေခဲ့တာ‌ပဲမလား....

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် တီချယ်...
ဒါပေမဲ့..သမီးကိုယ်တိုင်ကိုက ဒီဘဝမှာ
ဆက်ပြီး ‌အောင်မြင်မှုကို မလိုချင်တော့လို့ပါ...
အခုလိုမျိုး ဂရုတစိုက်လေး အသိပေးတဲ့ အတွက်
ကျေးဇူးတင်မိပါတယ်..."

တီချယ့်ရဲ့လက်သွယ်သွယ်လေးတွေက...
လှည့်ထွက်တော့မဲ့ လဝန်းရဲ့ခြေလှမ်းတွေကို ရပ်‌တန့်စေခဲ့တယ်....

"မင်းအားရင် အိမ်လာလည်ပါအုံး....
ငါ့အမေက မင်းကို သတိရနေတာ..."

တီချယ့်ရဲ့လေသံအေးအေးလေးက ငယ့်စိတ်ကို
လဲကျမတတ် ယိုင်စေတယ်...
ခြေလှမ်းတွေပျော့ခွေသွားရင်း...တီချယ့်ရင်ခွင်ထဲ ပြေးဝင်မိတယ်....
တီချယ့်ကို တင်းကြပ်စွာ မဖက်ရတဲ့ အချိန်တွေက
တော်တော်ကြာခဲ့ပြီလေ....
ဒီတစ်ခါလည်း လွတ်ထွက်သွားမှာကြောက်လို့...
အတင်းဖက်ထားရင်း ငိုကြွေးမိတယ်....
တီချယ့်လက်တွေကတော့ ငယ့်ဆီ ပြန်ဖက်ထားဖို့..
အစီအစဉ်မရှိသေးပါ.....

တီချယ်ဒေါ်ဒေါ်  Unicode+Zawgyi Kde žijí příběhy. Začni objevovat