Arc.1.3

109 11 0
                                    

Unicoad

ကိုနီလည်း အရင်ဆုံးကွန်ဒိုကို မောင်းလိုက်တယ် ပြီးတော့ ကလေးနှစ်ယောက်ကို ချီပြီးအခန်းထဲခေါ်သွားလိုက်တယ် ဇီဇီလေးကလည်းအိပ်ပျော်နေတာပေါ့ ကိုနီလည်း ကလေးတွေကို အိပ်ယာပေါ် စနစ်တကျ တင်ပေးပြီး ကားထဲက ယူစရာရှိတာတွေကိုသွားယူနေစဉ်
အခန်းထဲက တစ်ယောက်ကတော့

"ဟက် ငါ့ကိုဒီလိုမျိုးလာလုပ်လို့ ဘယ်ဖြစ်မလဲ နာမည်က သန်ကိုနီ အာ.. No No မင်းသန့်တဲ့လား ချစ်ဖို့တော့ကောင်းသား ဒါပေမဲ့ သနားစရာကောင်းပါလား ကျွတ်.. ကျွတ်.. ကျွတ်"

'ပြောပြီးတာနဲ့မကြာ တံခါးဖွင့်သံကြားတော့
အိပ်ချင်ယောင် ဆောင်လိုက်တယ်

ကိုနီလည်း ပစ္စည်းတွေကို နေရာတကျထားပြီး ရေချိုးလိုက်တယ် ရေချိုးအဝတ်စားလဲပြီးတော့ 11:30 နေပြီ ကလေးတွေကိုသွားကြည့်တော့ အိပ်နေတုန်းပဲမို့ စားသောက်ဖို့ ချက်ပြုတ်လိုက်တယ်

မင်းသန့်က ချက်တတ်တာမဟုတ်ပါဘူးနော် မူလကိုယ် သန်ကိုနီက ဟင်းချက်ကျွမ်းလို့ပါနော်

ကိုနီလည်း ချတ်ပြုတ်ပြီး စားပွဲမှာ အဆင်သင့်တင်ပြီးတာနဲ့ ကလေးတွေကို ထမင်းစားဖို့သွားခေါ်လိုက်တယ်'

"ဇီဇီရေ ထတော့ ထမင်းစားမယ် မစားခင် ရေအရင်ချိုးလိုက်နော်"

"ဝါးးး 😪 ဟုတ်ကဲ့ ကိုကြီး"

'ကိုနီလည်း သူ့သူငယ်ချင်း သမီးအတွက် လက်ဆောင်ပေးဖို့ ထားထားတဲ့ အဝတ်တွေကို ဇီဇီလေးကို ပေးဝတ်လိုက်တယ် zero လေးကိုတော့ ရေပတ်တိုက်ပြီး ဆေးတွေချိတ်ပေးပြီး လိုအပ်တာတွေလုပ်ထားပေးလိုက်တယ် ခနကြာတော့'

"ကိုကြီး ဇီဇီလှလား"

"လှပါတယ်ဗျ ထမင်းသွားစားကြရအောင် ဟင်းတွေအေးကုန်တော့မယ်"

"ဟုတ်ကဲ့ကိုကြီး"

"ဝါးးး 😮ဟင်းတွေက အစုံပဲနော်"

"အင်း ဇီဇီ ကြိုက်တာစားနော်"

"ဟုတ်ကဲ့ ကိုကြီး"

Hyung Hyung System (OC) OngoingWhere stories live. Discover now