[October 13]🎂❤

Start from the beginning
                                    

[ ဘယ်ရောက်သွားတာလဲ.. ? ]

စာပြန်မလာတာကြောင့် နားနေခန်းထဲမှ ထွက်ကာ
JungKookရှိနေမည့် Studioထဲသို့
ရောက်လာခဲ့သည်။

" တံခါးလော့ခ်ချခဲ့..."

ထုံးစံအတိုင်း အခန်းထဲဝင်လာရင်
JungKookသတိပေးနေကြဖြစ်သည်။
Jiminနဲ့ရှိချိန်သာ သတိပေးတတ်ခြင်းဖြစ်သည်။

သူ့အကြောင်းသူသိသည်လေ။

" စိတ်ဆိုးစရာပါလား..."

" ကျွန်တော်ကဘာပြောနေလို့လဲ..."

" ဒါဆို...ဒီမှာဘာလုပ်နေတာ...? "

" Hyungမအားဘူးမလား...ပြန်.."

စိတ်မဆိုးဘူးဟုပြောနေသော ယုန်ဗလသည်
နှုတ်ခမ်းကြီးထော်လျက်။

" မောင်...! "

ခပ်အီအီအသံ၊ ဒါမျိုးကရှားသည်၊
နှစ်ယောက်ထဲရှိချိန်မှာသာခေါ်တာ။

" ကိုယ်..ကအလုပ်ကိစ္စChatနေတာလေ...
မောင်ကအနားမှာ...လာစနေတာကို..."

" အလုပ်ကအရေးကြီးလား...မောင်ကအရေး
ကြီးလား..."

" မောင်ကအရေးကြီးတာပေါ့..
မောင်ကအရေး ကြီးဆုံးပဲ..."

ထော်ကြီးစိတ်ချမ်းသာလျှင် ParkJimin
အေးချမ်းတာမို့ အားလုံးကပဲနားလည်ပေးကြပါတော့။

" အပြောနဲ့အလုပ်ကတခြားစီဖြစ်နေတယ်..."

" မယုံဘူးလား...ကိုယ့်ကို..."

" ဒါဆို...နမ်းဦး...စိတ်ကောက်ရတာ
မောတယ်..."

တတ်တူးတွေနဲ့လက်ကြီးတစ်ဖက်သည်
ခပ်လှမ်းလှမ်းတွင် ရပ်နေသော Jiminရဲ့
ခါးသေးသေးလေးအားလှမ်းဆွဲလိုက်သည်။

" ဆိုင်လား..."

" မဆိုင်လဲနမ်း...ဒါဘဲ.."

" မ...နမ်း..တတ်..ဘူး..."

မျက်နှာနားကိုအနီးဆုံးတိုးကပ်၍
နှုတ်ခမ်းပါးတွေကိုစူးစိုက်ကြည့်ကာ ပြောလာသော
စကားသည် တစ်လုံးချင်းဆီ။

" သေချာပြီလား...Hyung..? "
မနမ်းတတ်ရင်...မောင်ပဲနမ်းမယ်လေ
မောင်နမ်းရင် အနည်းဆုံးတော့ သုံးနာရီပေါ့..
Hyungသိတယ်မဟုတ်လား.."

" ရတယ်လေ...သုံးနာရီမကလို့..
သုံးနှစ်ဆိုလဲ ကိုယ်ကအေးဆေးပဲ..
ဘာမှမလိုဘူး....JeonJungKookနဲ့သာဆိုရင်
ဘယ်လိုပဲဖြစ်ဖြစ်..."

One Short 💌Where stories live. Discover now