မနက်ခင်းတိုင်း အစောကြီးထပီး Jeon အတွက် မနက်စာပြင်ပေးရတာက ကိုယ့်အတွက်တော့ ပျော်ရွှင်ခြင်းတမျိုးပဲ Jeon
ကိုယ်ချက်ပေးထားတာတွေကို အားရပါးရစားနေတဲ့ပုံစံလေးက အပြစ်ကင်းစင်တဲ့ ကလေးလေးအတိုင်းပဲမနက် အိပ်ရာက နိုးတာနဲ့ ရေချိုးခန်းထဲဝင်လိုက်တိုင်း
သွားတိုက်ဆေးထည့်ပီးသား သွားပွတ်တိုက်က
အဆင့်သင့်
ကျွန်တော်က sensitive skin သမားမို့ မျက်နှာသစ်ဆေးကအစ သူက အစစအရာရာ အဆင့်သင့်လုပ်ပေးထားတာမျိုး
Jk pov(အမှန်အတိုင်းပြောရရင် ကျေနပ်နေမိတယ် ဘာလို့လဲတော့ မသိဘူး Park Jiminရဲ့ဂရုစိုက်မှုတွေ ကို သဘောကျနေမိတယ်)သွားတိုက် မျက်နှာသစ်ပီး အိမ်အောက်ထပ်ကို ဆင်းလာတော့ တွေ့ပါပီ
Apron လေးဝတ်ထားတဲ့ ကျောပြင်သေးသေးလေး လှုပ်တုတ် လှုပ်တုတ်နဲ့ ဘာတွေချက်နေလဲတော့ မသိဘူး
"ကျွန်တော် ဗိုက်ဆာပီ"ကျွန်တော့အသံကြားလို့ လှည့်အကြည့် မြင်လိုက်ရတဲ့ မျက်နှာနုနုလေးက မုန်းရက်စရာတောင် မရှိဘူး
သူ့မျက်နှာကို ကြည့်တိုင်း မုန်းတာတွေ ဘာဆို ဘာမှမသိတော့ဘဲ မျောမျောသွားတဲ့ ခံစားချက်ကြီးက ဘာမှန်း ခုထိ မသိသေးဘူး
သူ့မျက်နှာကို ဆက်ကြည့်နေရင် မမုန်းနိုင်တော့မာစိုးလို့ မျက်နှာအရင် လွဲမိလိုက်တယ်" Jeon နိုးပီလား ဒီနေ့နိုးတာ စောသားပဲ
ခနလေးနော် ကိုယ် ဂင်ချီထမင်းကြော်လေး ကြော်ပီးရင် ပီးပီ ခနလေးပဲ"
"အွန်း "
၅မိနစ်လောက်ကြာတော့ ပူပူနွေးနွေး ဂင်ချီထမင်းကြော်လေးကို ကျွန်တော့ရှေ့ရောက်လာခဲ့တယ်
"Jeon အကြိုက်ဂင်ချီထမင်းကြော်လေး ကြော်ထားတယ် ကော်ဖီကလဲ အဆင့်သင့် Jeon "
"အင်း"
Jeon အတွက် ထမင်းကြော်ပန်းကန်လေး ချအပီး
Company သွားဖို့ အထွက် ရုတ်တရက် လက်ကောက်ဝတ်ကို လာဆွဲတဲ့ အားပြင်းတဲ့ လက်တစုံ
ကြောင့် နောက်ကို ကြည့်မိတော့ Jeonလက်လေး
"ဘာအဆင်မပြေလို့လဲ Jeon ကိုယ်ဘာလုပ်ပေးရအုန်းမလဲ"
"ကျွန်တော်နဲ့ အတူတူ လာစား တယောက်တည်း နေ့တိုင်းစားရတာ ပျင်းနေလို့ "
"ဟင် "
ရုတ်တရက် Jeon စကားကြောင့် အံသြမိသွားတာတော့ အမှန်ပဲ Daddy ရဲ့ အရင်အိမ်မာတုန်းကတောင် ကိုယ်နဲ့အတူတူ ထမင်းမစားချင်ခဲ့တဲ့လူကလေ
အံသြလွန်းလို့ တောင့်တောင့်ကြီးရပ်နေမိတယ်
"ဘာလဲ မအားဘူးလား မအားလဲ အတူတူလာစား"
"အားတယ် ရတာပေါ့ ကိုယ်အတူတူလာစားပေးမယ်နော်"