အပိုင်း(၄)

Start from the beginning
                                    

သူ့ကိုကြိတ်ကြိုက်နေတာ၅နှစ်ရှိပြီဆိုတာကို ခသက်သွေးကိုယ်တိုင်ဖွင့်ပြောခဲ့လိုသာ မနည်းယုံလိုက်ရတာဖြစ်သည်။ ၅နှစ်ဆိုတော့ သူတို့ဆယ်တန်းကတည်းကလား။ ယောကျာ်း‌ေလေးမပြောနဲ့ ဘယ်ကောင်မလေးဆီကမှ အပြောမခံရဖူးတာကြောင့် အတည်ဖွင့်ပြောနေပုံက လူကိုနေရခက်စေသည်။ ငြင်းလိုက်လို့ငိုသွားတော့လည်းစိတ်မကောင်းရပေမယ့် သူ့စိတ်ကိုသူသေချာသိသည်မို့ အပြတ်ပြောလိုက်မိသည်။ မပြတ်မသားလုပ်နေရင် နောက်ပိုင်းအထိပိုနာမယ့်သူက ခသက်သွေးပဲဖြစ်မှာလေ။

သူခသက်သွေးကို အနည်းငယ်အားကျမိသည်။ ယောက်ျားလေးချင်းဖြစ်နေတာတောင် သတ္တိရှိရှိနဲ့ဖွင့်ပြောရဲတယ်မဟုတ်လား။ သူကကျတော့ အဲ့လောက်ထိသတ္တိမရှိဘူးလေ။ ဖွင့်ပြောဖို့နေနေသာသာ သဘောကျကြောင်းတောင် သိသိသာသာမပြရဲဘူး။ ခေတ်ကိုဘယ်လောက်ပဲချစ်မိနေပါစေ သူ့ဘက်က ထူးထူးခြားခြားဘာအပြုအမူမှမပြခဲ့ပေမယ့် ခသက်သွေးကသိနေတယ်တဲ့လေ။ အဲ့ခဏ သူစိုးရိမ်မိသွားသည်က ခသက်သွေးသိရင်ရှိန်းလည်းသိနေမှာကြောက်၏။

ခေတ်အပေါ်ရင်ခုန်မိတဲ့ သူ့ရင်ခုန်သံကိုပြန်ကြားတိုင်း ရှိန်းအပေါ်အားနာစိတ်ကတိုးတိုးလာတဲ့အပြင် ကိုယ့်ကိုမုန်းတီးစိတ်ကလည်း ပိုပိုတိုးလာသည်။ ငယ်ငယ်ကတည်းက အတူတူကြီးပြင်းလာတဲ့ သူတို့သုံးယောက်ကြား အဖြူရောင်သံယောဇဥ◌်ကိုအခြေခံထားပေမယ့် ၈တန်းကစပြီးတော့ ရှိန်းဆီကအမြဲတမ်းကြားလာရတဲ့စကားက 'ငါကခေတ်ကိုပဲယူမှာ' 'ခေတ်ကိုစောင့်ကြည့်ထားပေး ဘယ်ကောင်မှအနားမကပ်စေနဲ့' '‌ေခတ်ကအရမ်းလှတာပဲ ငါ့အနာဂတ်ဇနီးလောင်းမလို့ထင်တယ်' 'ခေတ်ကငါ့အပိုင်ပဲဖြစ်ရမှာ'

အစက ရှိန်းစနောက်နေတာလို့ထင်ပေမယ့် ကြာလာတော့ ရှိန်းအပြုအမူတွေကြောင့် အတည်ပြောနေမှန်းသိခဲ့သည်။ ထိုအချိန်တုန်းက သူကိုယ်တိုင်အားပေးအားမြှောက်လုပ်ခဲ့သေးတာ။ ရှိန်တားနေတဲ့ကြားက ခေတ်နဲ့ရှိန်းကို လိုက်လိုက်စခဲ့သူက သူကိုယ်တိုင်ဖြစ်သည်။ ပါးစပ်ကမပြောရင်တောင် ခေတ်နဲ့ရှိန်းရဲ့ တစ်ယောက်နဲ့တစ်ယောက်အပေါ်ထားတဲ့စိတ်သဘောထားကို သူသေသေချာချာသိသည်။ အဲ့တာတောင် သူကချစ်မိသွားတယ်လေ။

NEEDWhere stories live. Discover now