မိသားစု ၃ယောက် စကားဆက်ပြောကြရင်း အဆုံးသတ်ကတော့ InJoon က ဒီမှာနေခဲ့ပြီး ဖေဖေနဲ့မေမေက တရုတ်ပြောင်းဖို့ပင်။ မေမေ့ရဲ့ ဝမ်းကွဲညီမ၊ ဒေါ်လေးတစ်ယောက်က ကိုရီးယားမှာရှိပြီး စားသောက်ဆိုင် ဖွင့်ထားသည်မို့ စားသောက်ဖို့ရာကိုလည်း InJoon အဆင်ပြေသွားပြီဖြစ်သည်။

.............................................................................

ဒီနေ့ Jeno နဲ့ InJoon Movie date ဖို့ ချိန်းထားကြသည်။ ဆံပင်လေးတွေ ရှည်နေပြီး မညှပ်ဘဲ blonde ဆိုးထားတဲ့ InJoon က အရုပ်လေးနဲ့တူသည်။ Jeno ကတော့ တစိမ့်စိမ့်ကြည့်မဝပေါ့။ (Jeno ကြိုက်တယ်ဆိုတဲ့ HF era က hair style လေးပါ)

ရုပ်ရှင်ရုံရောက်​တော့ လက်မှတ်ဝယ်ပြီးတဲ့ Jeno က ပေါက်ပေါက်နဲ့ ကိုလာဝယ်နေတဲ့ InJoon ဘေးကို လာရပ်သည်။ နှစ်ယောက်သား အထဲရောက်ပြီး ထိုင်ခုံရှာမည်ဆိုတော့ အတွဲခုံကို Jeno က သူ့လက်ကိုဆွဲလို့ ခေါ်သွားသည်။

သူတို့ မကြာခဏ ရုပ်ရှင်လာကြည့်တတ်ပေမဲ့ တစ်ခါမှ အတွဲခုံမထိုင်ဖြစ်တာမို့ နည်းနည်းတော့ စိတ်လှုပ်ရှားမိသည်။

"ဘယ်လိုဖြစ်လို့ အတွဲခုံဝယ်လိုက်တာလဲ"

"ဘာဖြစ်လို့လဲ မင်းကို ဖက်လို့ရအောင်လေ မဟုတ်လည်း နမ်းလို့ရအောင်လေ"

Jeno ရဲ့ smirk လုပ်ပြီး နောက်ဆုံးမှာ နားနားကပ်ကာ တီးတိုးပြောလာတဲ့စကားကြောင့် InJoon  ရှက်သွားသည်။

"ဒါနဲ့ ငါမင်းကို ပြောစရာရှိတယ်"

ရုပ်ရှင်မစသေးတာမို့ သူ့ကို ဖက်ထားတဲ့ Jeno ကို ကြည့်ပြီး ပြောလိုက်သည်။

"ဘာလဲ ပြောလေ"

"ငါတို့နှစ်ယောက်တွဲနေတာကို ငါ့မိဘတွေသိနေတယ်"

"ဟုတ်လား ဆူလား။ ဘာပြောသေးလဲ။ ဘယ်တည်းကသိနေတာတဲ့လဲ"

"မဆူဘူး။ သူတို့ ဘယ်တည်းက သိနေလဲ သေချာမပြောပေမဲ့ တစ်နေ့ညက ငါတို့တွေ စကားပြောရင်း သူတို့သိနေတယ်ဆိုပြီး စပြောလာတာ။ အစက လက်မခံပေမဲ့ နောက်မင်းနဲ့တွဲပြီး ငါတဖြေးဖြေး ပြောင်းလဲသွားတာကြောင့်ရော၊ ငါတို့ချင်းလည်း အဆင်ပြေတာလည်း တွေ့ရတာမို့ လက်ခံပေးလိုက်တာတဲ့"

Hyper's bad boy [NoRen]Where stories live. Discover now