၁၉၉၅ခုနှစ် အောက်တိုဘာလ ၁၃ရက်
တိမ်ပြာပြာတွေတရိပ်ရိပ်လွင့်မျှော်နေသော သာမန်နေ့လေးတစ်နေ့ပါပဲ။
အဝါရောင်ခန်းစီးလေးဟာလဲတလပ်လပ်လှုပ်ခတ်လို့
အဝါရောင်တစ်ထပ်တိုက်ပုကလေးဟာလဲ
ချစ်စရာကောင်းစွာ တည်ရှိလို့
အောက်တိုဘာလရဲ့ သာမန်နေ့လေးတစ်နေ့ပါပဲ။ငြိမ်သက်နေသောခြံဝင်းလေးကြောင့်
ပတ်လင်မယားသည် အိမ်ထဲတွင်ရှိနေပါလိမ့်မည်။
တံခါးအား ငါးကြိမ်မြောက်ခေါက်ပြီးချိန်တွင်တော့ ပထမဆုံးမြင်လိုက်ရတဲ့ သူသည်
ခပ်ပြုံးပြုံးဖြင့်ဖော်ရွေစွာဆိုလာသော
ပတ်အမျိုးသားပင်ဖြစ်သည်
အနည်းငယ်ချွေးပြန်နေတဲ့နဖူးနဲ့ အလျင်လိုနေတဲ့ မိတ်ဆက်မှုေကြာင့် တစ်ခုခုအရေးကြီးနေဟန်ဘေးချင်းကပ်အိမ်သို့ပြောင်းလာတဲ့ သူတစ်ယောက်အနေနဲ့ မိတ်ဆက်ရင်း ပတ်မိသားစုနဲ့ရင်းနှီးချင်ပါကြောင်း ပြောတော့ ကျမဝတ်ပုံစားပုံကြောင့် သူက ခေတ်ရှေ့ပြေးနေတဲ့ မိန်းကလေးတစ်ယောက်ထင်သွားပုံရကာ ညီမလေးတစ်ယောက်လို ဆုံးမတာခံနိုင်ရင်ပေါ့တဲ့လေ။
အိမ်ထဲမှ အော်ညည်းသံခပ်တိုးတိုးလေးကြားလိုက်ရမှ
လက်မှနာရီအားကြည့်မိသည်
ဆယ့်တစ်နာရီ လေးဆယ်မိနစ်သို့ရောက်နေတဲ့အတွက် မျက်လုံးဟာအော်တိုပြူးပတ်အမျိုးသားသည် ကျမကို ခပ်မြန်မြန် နှုတ်ဆက်ကာ အိမ်ထဲသို့ပြေးဝင်သွားလေသည်။
မကြာမီ အမျိုးသမီးအားတွဲကာ ထွက်လာတဲ့ ပတ်အမျိုးသားသည် အခုထိအိမ်ရှေ့မှာရပ်နေသော ကျမအား အံ့ဩသလိုကြည့်၍ အိမ်စီးကားလေးစီသို့ ဦးတည်သွားသည်။
နောက်မှ အေးဆေးအိမ်ကိုထမင်းဖိတ်ကြွေးပါအုံးမယ် ခုတော့ သူ့အမျိုးသမီးလေး မွေးတော့မှာဖြစ်တဲ့အတွက် ဆေးရုံကိုအမြန်ပို့ရမယ့်အကြောင်းအား ပြောသွားသေးသည်။ရပ်ကြည့်နေရာမှ ကားနားအလျင်အမြန်သွားကာ
ဆေးရုံသို့ လိုက်ပို့ပေးမယ့်အကြောင်း ခွင့်တောင်းကြည့်သည်။ တစိမ်းမို့ အားနာနေဟန်ရှိကာ
အိမ်နီးနားချင်တွေအချင်းချင်းအပြန်အလှန်ကူညီတယ့် သဘောထားလိုက်ပါလို့ ပြောကာမှ ကားသော့အား ပေးလေသည်။
![](https://img.wattpad.com/cover/324095407-288-k597737.jpg)